BOSS'S Chapter (11)

386 54 5
                                    

"ကိုကို စနေနေ့ကျရင်အိမ်မှာတစ်ခုခုလုပ်စားကြမလား"

လာပြတဲ့အလုပ်စာရင်းကိုJenoကြည့်ပြီးသွားတဲ့အချိန်မှာ Jaeminကမေးလိုက်သည်။

ကိုကို တဲ့....
ချစ်ခြင်းမေတ္တာကိုပွင့်လင်းစွာဖလှယ်ပြီးတဲ့နောက်မှ သူတို့ကြားကအခေါ်အဝေါ်လေးတွေကလည်း သိပ်မွေ့ပြီးမြတ်နိုးစရာကောင်းလာသည်။
Na Jaeminဆိုတဲ့ဖြစ်တည်မှုလေးကိုက Jenoအတွက်မြတ်နိုးစရာဖြစ်နေတာမှန်ပေမယ့်
အဲ့ဒီကောင်လေး နှုတ်ဖျားက "ကိုကို" လို့ခေါ်လိုက်တိုင်းအချစ်ပိုရတာကိုတော့ Jenoဝန်ခံပါသည်။
သူကလည်း Jaeminကိုသူ အရမ်းသဘောကျတဲ့နာမည်လေးဖြစ်တဲ့ "Nana"လို့ခေါ်သည်။
Jaeminက Jenoသူ့ကို "Nana" လို့ခေါ်တိုင်း ပါးမို့မို့လေးဖောင်းလာသည်အထိပြုံးတတ်သည်။
အဲ့ဒီအပြုံးလေးကိုမြင်တိုင်း Jenoထပ်ပြီးအချစ်ပိုနေရပြန်သည်။

အချစ်ကJenoအတွက်သိပ်ဆန်းကျယ်လွန်းသည်။
ချစ်ရသူကအပြုအမူလေးတစ်ခုလုပ်ရင် တစ်ခါထပ်အချစ်ပို ပြန်သည်။
ဘာမှမလုပ်ပဲနေပြန်ရင်လည်း ငြိမ်နေတာလေးကိုထပ်အချစ်ပိုရပြန်သည်။
ခက်ပါရဲ့....
Na Jaeminအတွက် Lee Jenoရဲ့အချစ်တွေဟာ စက္ကန့်နဲ့အမျှအတိုင်းဆမဲ့တိုးပွားလာတာချည်း....

"Nana လုပ်ချင်တယ်ပေါ့"

"ဟုတ် ဒီရက်ပိုင်းအလုပ်တွေအရမ်းရှုပ်တယ်လေ
အဲ့တာကြောင့်ကိုကို့ကိုသေချာလေးတစ်ခုခုချက်ကျွေးရင်း အချိန်ပေးချင်တာ
ကိုကို့ မျက်နှာလေးချောင်ကျသွားတာ
ကျနော့်စိတ်ထဲတကယ်မကောင်းဘူး"

မျက်နှာလေးငိုင်သွားတဲ့Jaeminကိုကြည့်ပြီး Jenoကပြန်အားနာရပြန်သည်။
ဒီကလေးက သူ့အရိပ်အကဲကိုပဲတစ်ချိန်လုံးကြည့်နေရှာတာ...

"အဲ့လိုဘာလို့တွေးတာလဲကွာ
ကိုကိုပြောထားတယ်လေ ကိိုကိုပင်ပန်းတာအလုပ်ကြောင့်ပဲ Nanaနဲ့ဘာမှမဆိုင်တဲ့ဟာကို
စိတ်မကောင်းမဖြစ်ပါနဲ့ လိမ်မာပါတယ်"

"ဟုတ်
အဲ့တာဆို အဲ့နေ့ကျရင်Soojin noonaကိုလည်းခေါ်လိုက်ပါလားကိုကို
ကျနော်လည်း Shuhuaကိုခေါ်လိုက်မယ်"

Jenoကမျက်မှောင်ကြုတ်သွားတော့Jaeminကတခစ်ခစ်နှင့်ရယ်သည်။

"ဘာလဲ ၂ယောက်ထဲလုပ်မယ်ထင်နေတာပေါ့"

BOSS'SWhere stories live. Discover now