BOSS'S Chapter (5)

440 61 2
                                    

Jeno's Pov

Busanကဆောက်လုပ်ရေးအပြီးသတ်ဖို့အတွက်Jaeminကိုခေါ်ပြီးညနေရုံးဆင်းတာနဲ့ချက်ချင်းထွက်လာခဲ့လိုက်တယ်။တည်းခိုစရာကမပူရဘူးလေ။ဦးလေးအရင်းခေါက်ခေါက်ကြီးရဲ့ဟိုတယ်ရှိတာကိုး။တစ်နေ့လုံးအထုပ်အပိုးတွေပြင်ဆင်၊လက်စသတ်ရမယ့်စာချုပ်အတွက်လိုအပ်မယ့်စာရွက်စာတမ်းတွေပြင်ဆင်ခဲ့ရတဲ့Jaeminဆိုတဲ့ကောင်လေးကတော့ပင်ပန်းလို့ထင်တယ်။ဘေးမှာထိုင်လိုက်ရင်းငိုက်နေလေရဲ့။ကျနော်ကပဲကားမောင်းရတာများလွန်းလို့တခါတလေဆိုသူကပဲသူဌေးလေးဖြစ်ပြီးကျနော်ကသူ့body guardဖြစ်နေတဲ့ပုံ။

"Jaemin ah အိပ်ချင်နေတာအနောက်ခန်းဆင်းပြီးအိပ်လေ ဒီလိုငိုက်နေရတာကပိုပင်ပန်းတယ်"

"ကျနော်..မ...မငိုက်ပါဘူး hyung
hyungအနောက်မှာဆင်းအိပ်ရင်အိပ်လေ ည၁၂နာရီကျော်နေပြီဆိုတော့အိပ်ချင်ရောပေါ့ ကျနော်ဆက်မောင်းပါ့မယ်။"

မျက်လုံးမပွင့်တပွင့်နဲ့မငိုက်ဘူးပြောနေတဲ့ထိုကောင်လေးကိုကျနော်ရယ်ချင်မိသည်။ဒီကြားထဲကားမောင်းမယ်ဆိုတာကပါသေး။

"အမလေးဗျာ ရပါတယ် အစ်ကိုတော်မောင်းမှကျနော်ထာဝရအိပ်စက်သွားရပါဦးမယ်..ဟားဟား"

"ဟာ...hyungကလည်းဗျာ"

"မဟာနဲ့ hyungအဆင်ပြေတာမို့လို့ အနောက်မှာသာသက်တောင့်သက်သာသွားအိပ်"

ကားဆက်မောင်းလာရင်း ကျနော်လည်းတဖြည်းဖြည်းငိုက်လာတာမို့ ကားကိုလမ်းဘေးချ ရပ်လိုက်သည်။Busanရောက်ဖို့က၁နာရီလောက်ပဲမောင်းဖို့လိုတော့ပေမယ့် ဒီပုံနဲ့ဆိုမတော်တဆဖြစ်မှာစိုးရိမ်ရတာကြောင့်ခဏလေးမှိန်းရန်ဆုံးဖြတ်လိုက်သည်။

အနောက်ခုံကိုလှည့်ကြည့်လိုက်တော့ ဟိုကောင်လေးကအိပ်နေတာများအခုချိန်ကမ္ဘာပျက်ရင်တောင်သူသိမယ့်ပုံမပေါ်။တုံးလုံးလှဲပြီးခြေကားလက်ကားနှင့်အိပ်နေပုံက ကလေးပေါက်စလို။အနောက်မှာJaeminအိပ်နေတာသိပေမယ့် ကျနော်ကလည်းအရှေ့ခုံမှာအိပ်ရတာသက်တောင့်သက်သာမရှိတာမို့အနောက်ခန်းပဲပြောင်းထိုင်လိုက်သည်။

"Jaemin ah"

ခေါ်နှိုးလို့လည်းမရတာကြောင့်သူ့ကိုယ်လေးကိုအသာ မ ပြီး ဟိုဘက်တံခါးအခြမ်းကိုမှီထားပေးလိုက်သည်။ဒီကောင်လေးကရုတ်တရက်ကြည့်ရင်သာကျနော်နဲ့အကောင်သိပ်မကွာတာ။အခုမ လိုက်တော့သူ့ခါးလေးကသေးသေးလေးရယ်။

BOSS'SWhere stories live. Discover now