BOSS'S Chapter (13)

323 61 1
                                    

တစ်လကျော်ပြီ။
Jenoအိမ်ကိုပြန်မလာတာတစ်လကျော်ခဲ့ပြီ။

ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်ပြီးအပြင်မှာကလည်းမိုးတွေကသည်းထန်စွာရွာနေသည်။
ဖျော်ထားတဲ့ကော်ဖီခွက်လေးကိုကိုင်ကာ သူဆိုဖာပေါ်မှာထိုင်လိုက်ပြီးJenoအကြောင်းပဲတွေးနေမိပြန်သည်။

ပြန်မလာတာကြာပေမယ့်Jenoကိုသူစိတ်မဆိုးရက်ပါ။ရောက်ပြီး ၁၀ရက်ကျော်အကြာမှာယောက်ဖဖြစ်သူကဆုံးသွားတော့ အစ်မအတွက်ရော တူအတွက်ရော သူဘယ်လောက်နာကျင်လိုက်ရမလဲ။
ဒီအချိန်မှာSooyoungတို့သားအမိအတွက်Jenoကအလိုအပ်ဆုံးပဲဆိုတာကိုသူသိတာကြောင့် ဖုန်းတောင်သူ့ဘက်ကခဏခဏမဆက်ဖြစ်။
Jenoဘက်ကဆက်ရင်လည်း Jaeminအဆင်ပြေရဲ့လားရယ် companyအခြေအနေမေးတာရယ်ကလွဲရင် သူတို့အများကြီးပိုမပြောဖြစ်ကြတော့ပါ။

အဆင်ပြေတယ်လို့ပဲအမြဲပြောဖြစ်ခဲ့ပေမယ့် လွမ်းတဲ့စိတ်နဲ့ရူးတော့မယ့်အထိဖြစ်နေတယ်ဆိုတာ ပြန်လာမှ ကိုကို့ကိုပြောပြဦးမယ်

.............................................................................

ကုတင်ပေါ်မှာအိပ်နေရင်းမိုးဒဏ်ကြောင့်အေးစိမ့်နေပေမယ့် ရုတ်တရက်ရလိုက်တဲ့အနွေးဓာတ်ကြောင့်သူနိုးလာရသည်။

မှောင်နေတဲ့အခန်းကြောင့်ဘာကိုမှသေချာမမြင်ရပေမယ့် ဒီပွေ့ဖက်မှုနဲ့တင်Jenoမှန်းသူသိပါသည်။
ကြိုမပြောဘဲရုတ်တရက်ညဘက်ကြီးပြန်ရောက်လာတာကိုလည်းအံ့သြရသည်။

"ကိုကို...ဒီအချိန်ကြီးဘယ်လိုပြန်ရောက်လာတာလဲ"

အမှောင်ထုထဲကနေJaeminအသံလေးကတိုးညင်းစွာထွက်လာသည်။

"အင်း...Nanaကိုအရမ်းလွမ်းလို့"

Jaeminကိုဖက်လျက်အိပ်နေသည့်Jenoအသံတွေကအက်ကွဲကွဲနိုင်လှသည်။

"ဗိုက်ဆာနေလားဟင်
ကျနော်တစ်ခုခုလုပ်ပေးမယ်လေ"

"ဟင့်အင်း Nana
ကိုကိုပင်ပန်းနေပြီ
ဒီတိုင်းလေးပဲဖက်ထားပြီးအိပ်တော့မယ်"

Jaeminကိုတင်းတင်းဖက်ရင်းပြောလာတာကြောင့်Jaeminလည်းနွေးထွေးစွာပြန်ဖက်ပေးရင်း မိုးသံတွေကြားမှာပဲသူတို့အိပ်ပျော်သွားကြသည်။

BOSS'SWhere stories live. Discover now