"Lee Jeno!!!
နင် ငါ့ကိုစနေတာမလား
စနေတာမလားလို့""ဖြည်းဖြည်းပြောပါ နင်ကလဲ"
အလန့်တကြားနဲ့သွေးပျက်စွာအော်နေတဲ့ SoojinကိုJenoကရွှတ်ရွှတ်နောက်နောက်နဲ့သာပြန်ပြောသည်။Soojinသူ့လက်မောင်းကိုထုရိုက်နေတာတောင်အပြုံးမပျက်။
"ဖြည်းဖြည်းဟုတ်လား
ဟမ်? ငါကဒီကိစ္စကိုဖြည်းဖြည်းပြောလို့ရမလား""ရတယ်ဆို
အဲ့တာမှငါ...ငါမမေ့မှာပေါ့"
"Je.."
Soojinကဘာမှမဖြစ်သလိုပုံစံနဲ့ပြောနေတဲ့Jenoကိုကြည့်ရင်းဆို့နင့်လျက်မျက်ရည်ကျရသည်။
"နင်...
နေနိုင်တယ်နော်
တစ်သက်လုံးပေါင်းလာတဲ့ငါ့ကိုတောင်မပြောဘူး
နင်တော်တော်နေနိုင်တယ်""ပြောလိုက်ရင် နင်အခုလိုငိုမယ်ဆိုတာသိလို့လေ"
"အဲ့တာဆို အစထဲကနင်ဂရုစိုက်ရမှာမဟုတ်ဘူးလား"
"ငါမှမတတ်နိုင်ခဲ့ဘဲ Soojinရယ်"
သူ့သူငယ်ချင်းကပြုံးနေပေမယ့်နာကျင်စွာပြောနေတာကိုသူမသိသည်။
Jenoလည်းဒီလိုဘယ်ဖြစ်ချင်မလဲဆိုတာသူမသေချာသိပါသည်။"အရမ်းကြီးလည်းစိတ်မပူနဲ့
တစ်ခုခုဖြစ်ရင်တောင် နင့်တော့ငါမေ့မှာမဟုတ်ဘူး""အရူးကောင် ဒါကိုနင်ကပေါ့ပေါ့တန်တန်တွေးနေတာပဲ
ငါသိတဲ့Lee Jenoမဟုတ်တဲ့အတိုင်း"အဲ့ဒီအချိန်မှာJenoကပြုံးရင်းသာပြန်ပြောသည်။
"နောက်ဆို နင်သိထားတဲ့Lee Jenoကပြောင်းလဲသွားမှာ
အင်း...
ရှိချင်မှလည်းရှိတော့မှာ"............
"noonaနဲ့leleတို့ နှစ်ယောက်လုံးအတွက်အခန်းတွေပြင်ထားပြီးပြီ
သွားနားလိုက်ဦး တွေ့ထားတာလည်းဘယ်လောက်မှမကြာသေးတော့ စကားကိုညကျမှပဲပြောကြတာပေါ့"အစ်မတို့သားအမိရောက်လာတော့ Jenoကိုယ်တိုင်လေဆိပ်ကသွားကြိုလာခဲ့သည်။
အိပ်ခန်းတွေကအထူးတလည်ပြင်ဆင်စရာမလိုပေမယ့်လည်း သန့်ရှင်းရေးကိုသူကိုယ်တိုင်ပဲလုပ်သည်။ဒါပေမယ့် ချက်ရေးပြုတ်ရေးအတွက်Jaeminကလည်းမရှိတော့တာမို့ သူအိမ်အကူအဒေါ်ကြီးတစ်ယောက်ခေါ်ထားရသည်။
အစ်မတို့သားအမိကဒီမှာဘယ်လောက်ကြာကြာနေမလဲမသိပေးမယ့် သူတို့စိတ်ချမ်းသာအောင်ထားမှဖြစ်မည်။
Sooyoungကလည်းအများကြီးပိန်ကျသွားပြီးအရင်ကသွက်လက်တဲ့Chenleကလည်းစကားသိပ်မပြောတော့။