"ဟုတ် ပြောလေ noona"
"ဒီနေ့ noonaတရုတ်ကနေလွှတ်လိုက်တဲ့အလုပ်သင်၃ယောက်ရောက်မယ်နော်
၂ယောက်ကmarketingပိုင်းက၁ယောက်ကmanagementပိုင်းက
အဲ့တာနည်းနည်းပါးပါး သွားကြည့်လိုက်ဦး
ပြီးတော့ကလေးတွေကိုလည်းအရမ်းကြီးမတင်းကျပ်နဲ့နော်""အင်းပါ noonaရယ် စိတ်ချပါ ဒါဆို ဒါပဲနော် ကျနော် လချုပ်ရှယ်ယာစာရင်းတွေလုပ်ရဦးမယ်"
"အင်း"
အမှန်ဆို အလုပ်သင်တွေကိုကအစ လိုက်ဂရုမစိုက်တတ်ပေမယ့်(Jaeminကလွဲ၍)အခုတော့ Sooyoungရဲ့ထောက်ခံချက်နဲ့ဆိုတော့သူဂရုစိုက်ပေးရမည်လေ။
ထိုသုံးယောက်၏ကိုယ်ရေးအချက်အလက်မှတ်တမ်းကိုကြည့်လိုက်တော့-
Hwang Renjun
Liu Yangyang
Yeh Shuhua"Yeh ShuhuaကManagementပိုင်းကဆိုပါလား"
Jaeminနဲ့တစ်ဌာနထဲမို့Jaeminကိုခေါ်ပြီးဝိုင်းကြည့်ရှုပေးဖို့အကူအညီတောင်းတာကိုအကြောင်းပြပြီး သူJaeminကိုတွေ့ဖို့အကြောင်းဖန်ရမည်ဟုဆုံးဖြတ်လိုက်သည်။
Jaeminမှာလည်းJenoကသူ့ဘာသူလွမ်းတိုင်းJaeminကိုတစ်ခုမဟုတ်တစ်ခုအကြောင်းပြပြီးခေါ်လွန်းလို့တစ်နေကုန်အငြိမ်နေရတယ်ကိုမရှိ။
အခုလည်းJenoခေါ်ဦးမည်။
"ဌာနမှူးLee
Na Jaeminကိုအခုရုံးခန်းထဲလွှတ်ပေးလိုက်ပါဦး""ဟုတ်ကဲ့ပါ Boss"
.......
"Boss ကျနော့်ကိုခေါ်တယ်ဆို"
"ဟုတ်တယ် ထိုင်ပါဦး
Jaeminလည်းကိုယ်ကခဏခဏခေါ်နေတော့ ပင်ပန်းနေရောပေါ့""ရပါတယ် Boss ကျနော် မပင်ပန်းပါဘူး"
Na Jaeminဆိုတဲ့အကောင်ပေါက်လေးကလည်းဘယ်လောက်ပဲမောပါစေ Jenoခေါ်တိုင်းပျော်ရတာချည်းသာ။
"ဒီနေ့ Jaeminတို့ဌာနကိုတရုတ်ကအလုပ်သင်ကောင်မလေးတစ်ယောက်ရောက်မယ်သိလား
အသက်လည်းရွယ်တူပဲဆိုတော့ ခင်ခင်မင်မင်ရိုင်းပင်းကူညီလိုက်ဦးနော်""တကယ်လား Boss? အာ...ကျနော်သူငယ်ချင်းရပြီပေါ့နော်"
Jaeminတကယ်ပျော်သွားသည်။သူ့ဘဝမှာရုန်းကန်နေရတဲ့အချိန်များတာကြောင့်မူလတန်းပြီးထဲကသူငယ်ချင်းရယ်လို့ထားဖြစ်ခဲ့သည်မရှိ။
အခုဌာနကိုရောက်တော့လည်းအားလုံးကသူ့ထက်အသက်ကြီးတဲ့စီနီယာတွေကြီးပဲဆိုတော့သူ့မှာအမြဲတစ်ယောက်ထဲလိုလိုဖြစ်နေတတ်သည်။
ဘာပဲဖြစ်ဖြစ်အခုသူငယ်ချင်းတစ်ယောက်ရပြီမလား။