အခန်း(၃၄) - ချစ်မေတ္တာဟူသည် (၉)

968 76 117
                                    

Unicode ‼️

ယုံကြည်မှုတွေနဲ့
တည်ဆောက်ထားတဲ့ အချစ်တစ်ခု

နားလည်မှုတွေနဲ့
အခြေခံထားတဲ့ အချစ်တစ်ခု

မြတ်နိုးမှုတွေနဲ့
ဝန်းရံထားတဲ့ အချစ်တစ်ခု

ထိုအရာအားလုံးပေါင်းစပ်ထားတဲ့
ခမ်းနားတဲ့ ချစ်ခြင်းမျိုးနဲ့ပဲ
ကိုယ် နဲ့ မင်း နဲ့
ထာဝရ ချစ်ကြမယ် ...။

••••• အချစ်ဦးသည်သာ •••••

လေပြေလေးတွေ ငြိမ့်ငြိမ့်လေး တိုက်ခတ်နေပြီး
လေအဝှေ့ ကြွေကျသွားတတ်တဲ့ ရွက်ဝါလေးတွေကတော့ မြေပေါ်သို့ သက်ဆင်းလျက်။

မြက်ခင်းစိမ်းစိမ်းလေးတွေကတော့ မြင်သူ အမြင်အေးချမ်းအောင် စွမ်းဆောင်ပေးနေလေတာ။

တိမ်ဖြူလေးတွေ ရစ်ဆိုင်းနေတဲ့ ကောင်းကင်ပြာကြီးကတော့ မရိုးနိုင်သော ပန်းချီကား တချပ်လိုပဲ အလှသွေးကြွယ်ရင်း ။

ယူမီနဲ့ နစ်ခွန်း မင်္ဂလာပွဲကျင်းပရာ ဘုရားကျောင်း အနောက်ဝန်းထဲရှိ  လူသူရှင်းလင်းပြီး တိတ်ဆိတ်မှုတွေနဲ့ ခညောင်းနေတဲ့ ပန်းခြံထဲတွင် ဖြစ်သည်။

အရိပ်ကောင်းကောင်းပေးသည့် သစ်ပင်ကြီးအောက်ရှိ ထိုင်ခုံတန်းလျားလေးပေါ်ထိုင်ပြီး ကျွန်မပေါင်ပေါ် ခေါင်းအုံးကာ မှေးစက်နေတဲ့ ချစ်ရသူ။

သူ့ရဲ့မျက်နှာလေးအား အသာထိတွေ့ရင်း တစိမ့်စိမ့်ကြည့်နေမိသည်။

အဖုအပိန့်တွေမရှိဘဲ အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေး နဲ့ နူးအိဝင်းမွတ်နေတဲ့ အသားအရေ ။

ပန်းခြံအတွင်း နှစ်ယောက်ထဲရှိတဲ့အချိန်မို့သာ Mask လေးကိုလဲ ချွတ်ထားသည်ဖြစ်၍ အခုမှ အနီးကပ်သေချာမြင်တွေ့ခွင့်ရတဲ့ နှုတ်ခမ်းဖူးဖူးရဲရဲလေးကလဲ ရင်ခုန်စေဖို့ အရှိန်ပိုမြှင့်ပေးနေတဲ့အလား။

ဒီလိုမျိုး သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးက ကျွန်မရဲ့ ချစ်သူကောင်လေးဆိုတာ တကယ် မယုံကြည်နိုင်သေးစရာ။

တကယ်တမ်း ပြန်တွေးကြည့်ရင်လဲ ယခုလို အချိန်လေး ပိုင်ဆိုင်ခွင့်ရတာ ကျွန်မ သိပ်ကံကောင်းလွန်း၍။

You've reached the end of published parts.

⏰ Last updated: May 07, 2021 ⏰

Add this story to your Library to get notified about new parts!

အချစ်ဦးသည်သာWhere stories live. Discover now