အခန်း(၁၇) - သတိရခြင်းနေ့ရက်များ(၂)

2.4K 300 105
                                    

Unicode ‼️

"ချစ်ခြင်းတွေ စတင်ရာ
ချစ်ခြင်းတွေ ဖြစ်တည်ရာ
ချစ်ခြင်းတွေ ပေါက်ဖွားရာ
ဖြူစင်သန့်ရှင်း ချစ်သူ့ မျက်နှာ
အိပ်စက်ကာသာ
အလှပဆုံး ပြုံးလို့နေရှာ
တချိန်တုန်းက ကိုယ့်ရဲ့ ကြွေရုပ်လေးရာ
သတိရနေပါတယ်ကွာ "

••••• အချစ်ဦးသည်သာ ••••••

မရောက်ဖြစ်တာ ကြာတဲ့ ကိုယ့်ရဲ့ မွေးရက်မြေ ဘူဆန် ကို ပြန်လာရတဲ့အခါ ရင်ထဲမှာ ပျော်ရွှင်ခြင်းတဝက် ရင်ခုန်လွမ်းမောခြင်းတဝက် ပေါင်းစပ်လို့သာ နေတော့သည်။

ကျွန်တော်တို့ Idol ဘ၀ဆိုတာ အားလုံးသိကြတဲ့အတိုင်း ကိုယ့်အိမ်ကိုယ့်ယာနဲ့ မခွဲမခွာကပ်နေနိုင်တဲ့ သူတွေမှ မဟုတ်တာ ။

ချစ်ရတဲ့ Fan တွေအတွက် သီချင်းအသစ်တွေ ဖန်တီးမယ် ၊ သီဆိုမယ် ၊ အကတွေလေ့ကျင့်မယ်၊ နိုင်ငံလှည့်ဖျော်ဖြေပွဲတွေ ကျင်းပပြီး နိုင်ငံစုံသွားနေရမယ်။

ပြီးတော့ Come Back လုပ်ရပြီဆိုလဲ
Come Back တခါဆိုတခါ မအိပ်မနေ ကြိုးစားရတာ ။

ပိုင်ဆိုင်ထားတဲ့အောင်မြင်မှု အတွက် ထိုအောင်မြင်ကျော်ကြားမှုနဲ့ ထိုက်တန်အောင် အချိန်ပြည့် ကြိုးစားနေရတာမို့ ကိုယ့်ရဲ့ သီးသန့် အားလပ်ချိန်ဆိုတာ မရှိသလောက် ရှားပါးလွန်းလှပါတယ် ။

ဒီအတွက်ကြောင့် တစ်နှစ်မှာ တခါလောက်တောင် မွေးရပ်ဌာနေကို မပြန်နိုင်ခဲ့လို့ ကျွန်တော့်ရဲ့ ဇာတိချက်ကြွေ ဘူဆန်မြေကို မရောက်ဖြစ်တာ ကြာခဲ့ပြီလေ ။

အခုတော့ တကယ့်ကို ရှားရှားပါးပါး အားလပ်ရက် တပတ်ရခဲ့လို့ ကျွန်တော်ရယ် မွေးဌာနေချင်းတူတဲ့ ဂျောင်ကု ရယ်အတူတူ ဘူဆန်ကိုပြန်ခွင့်ရခဲ့တယ်။

လေယာဉ်ကြီးရယ် အမြန်ဆုံးသာ ပျံသန်းလိုက်စမ်းပါကွာ ။

ဘူဆန်မြေကို အရောက်လှမ်းကာ ချစ်ရတဲ့ မိဘရင်ခွင်မှာ ခိုလှုံချင်လှပြီ ။

ပြီးတော့

တချိန်တုန်းက အမှတ်တရလေးများ ရှိရာနေရာဆီ အလွမ်းရယ် ဖြေသိမ့်ချင်လှပါပြီ။

အချစ်ဦးသည်သာWhere stories live. Discover now