Unicode ‼️အဆုံးသတ်ရလဒ်က
ဘာပဲဖြစ်ဖြစ်
မင်းနဲ့အတူသာဆို
အရာရာတိုင်းကို
ရင်ဆိုင်ရဲတာ
ချစ်ခြင်းက ပေးတဲ့
ခွန်အားတွေမလား
အချစ်ဦးသူရာ ...••• အချစ်ဦးသည်သာ•••
အနိုင်အရှုံး ဆုံးဖြတ်ပေးမဲ့နောက်ဆုံးပွဲစဉ်လေးမှာတော့ အမှတ်တူနေတဲ့ ကျွန်မတို့ ၂ဖွဲ့သာလျှင်ယှဉ်ပြိုင်ဆော့ကစားရမည်ဖြစ်ပြီး
ဘယ်လို ကစားနည်းဖြင့်ယှဉ်ပြိုင်ကစားရမယ်ဆိုတာကြေငြာလိုက်တဲ့ အချိန်မှာတော့ ရင်ထဲမှာ မီးရှူးမီးပန်းတွေတသီတတန်းကြီး ဖောက်ချလိုက်သလို ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲသွား ခဲ့သည်။
ကစားရမည့်နည်းကို သိသိချင်းမှာ ဂျီမင်းနဲ့
ကျွန်မ တစ်ယောက်နဲ့ တစ်ယောက်
ပြိုင်တူအကြည့်ခြင်းဆုံမိတော့လဲ အေးဆေးပါ ဆိုတဲ့ အထှာနဲ့ သူက ပြုံးပြီး လက်မထောင်ရင်း မျက်စိတစ်ဖက်မှိတ်ပြခဲ့ပေမဲ့ကျွန်မမှာတော့ မအေးဆေးနိုင်ဘဲ
ကတုန်ကယင်နဲ့တလှပ်လှပ်ဖစ်နေတဲ့ စိတ်က
အထိန်းအချုပ်နိုင်စွမ်း မဲ့ခဲ့သည်။ထိုကဲ့သို့ ကျွန်မကို ရင်ခုန်အောင်လုပ်သွားနိုင်ခဲ့တဲ့ ပဉ္စမမြောက်ကစားနည်းကတော့
"နှလုံးသားတံခါးပေါက်ကို အတူတူ
ဖြတ်ကျော်ခြင်း" ဟု အမည်ပေးထားတဲ့ ကစားနည်းလေးပါ။ကစားပုံကတော့ ဂျီမင်း က ကျွန်မကိုပွေ့ချီပြီး
အမြင့်"၃ပေခွဲ" အကျယ်"၂ပေခွဲ"လောက်ရှိတဲ့အသဲနှလုံးပုံစံ စတီးတိုင်၃တိုင်ထဲကို တစ်တိုင်ပြီး တစ်တိုင်ဝင်ကာ ဖြတ်ကျော်ရမည်ဖြစ်ပြီးအဲ့လို ဖြတ်သန်းတဲ့ အချိန်မှာ တွန်းမိတိုက်မိကာ တိုင်တွေလဲသွားခြင်း မရှိစေပဲ ၃တိုင်လုံးကိုအောင်မြင်စွာဖြင့်အမြန်ဆုံးဖြတ်ကျော်နိုင်သည့်အဖွဲ့ကသာလျှင်ပထမဆု ရရှိမှာဖြစ်ပါသည်။
YOU ARE READING
အချစ်ဦးသည်သာ
Romanceပတ်ဂျီမင်း (Idol) & ဟန်ဆုယောင်း (You) သိပ်ချစ်ခဲ့တဲ့ အချစ်ဦးနှင့် ဝေးကွာသွားပြီးနောက်၊ ပြန်ဆုံတွေ့သောအခါ ဘာတွေဆက်ဖြစ်မှာလဲ ? အချစ်စစ်နှင့် ချစ်ခဲ့ကြသူတို့ရဲ့ အဆုံးသတ်ကရော ? IDOL × OC (Fanfic) I hope you will enjoy it ❣️ Thanks For reading my First...