Unicode ‼️
အရာရာတိုင်းဟာ
မင်းနဲ့အတူသာဆို
အပျော်ဆုံးအဖြစ်
မှတ်တမ်းဝင်တာ
သိပ်ချစ်ခဲ့လို့ပါ
အဦးဆုံးသူ
ကိုယ့်အချစ်ရာ ...။•••••• အချစ်ဦးသည်သာ ••••••
ကံထူးရှင်စုံတွဲ(၇) တွဲခေါ်ထုတ်ပြီး လူစုံသွားသည့်အခါမှာတော့ရေလှိုင်းလေးတွေရဲ့ဘေး သဲသောင်ယံ ကမ်းစပ်လေးပေါ်မှာ ပျော်ရွှင်စရာ Game ပြိုင်ပွဲလေးကို စတင်ခဲ့ပါသည်။ကျွန်မရဲ့ ကစားဖော်က ဂျီမင်း ဖြစ်ခဲ့ပြီး ဂျီမင်း ရဲ့ ကစားဖော်က ကျွန်မ ဖြစ်နေခဲ့သည့်အတွက်နှစ်ယောက်စလုံးရဲ့ မျက်နှာမှာပျော်ရွှင်နေတဲ့အရိပ်အငွေ့တွေကတော့ ထိန်းမရနိုင်အောင်ဖြစ်ခဲ့သည်။
ပွဲစမည်ဆိုတော့ ဂျီမင်းက ကျွန်မနားကို ကပ်လာပြီး "ကိုယ်တို့နှစ်ယောက်ပထမရအောင်အတူတူကြိုးစားကြမယ်နော် Fighting! " ဆိုပြီး အားမြှင့်တင်ပေးတဲ့ပုံလေး လုပ်ပြတော့ ကျွန်မရဲ့ကြောက်စိတ်တွေဆိုတာ မြူမှုန်အလား လွင့်ပျယ်သွားပြီး "သူ့အတွက်"
"ကျွန်မအတွက်" "နှစ်ယောက်စလုံးအတွက်" အမှတ်တရလေးအဖြစ်ပထမဆု ရယူချင်စိတ်က ပြင်းထန်စွာပေါက်ဖွားလာခဲ့သည်။ပထမဆုံး ပွဲစဉ်(၁) က ပူစီဖောင်းဖောက်ရမည့်
ဂိမ်းကစားနည်းဖြစ်သည်။ ကျွန်မရဲ့ ညာလက်နှင့် ဂျီမင်းရဲ့ ဘယ်လက်ကိုတွဲချည်ပြီး ပူဖောင်း၎ လုံးနှင့်ပေါင်းပြီးစည်းနှောင်ထားသလို ခြေထောက်ချင်းကိုလဲ ပူဖောင်း၃လုံးနှင့်ပူး၍ ချည်ထားသည်။ကစားရမည့်ပုံစံကတော့ ၁မိနစ်အတွင်းမှာ
ဝိုင်းထားတဲ့ စည်းဝိုင်းအပြင်မထွက်မိစေဘဲ ကိုယ့်ရဲ့ ပူဖောင်း ၇လုံးကို အသက်နဲ့ လဲကာကွယ်ပြီး သူများပူဖောင်းတွေကို အခြားလက်မှာ ကိုင်ထားတဲ့ အချွန်နှင့်လိုက်ထိုးဖောက်ရမည်ဖြစ်သည်။ပူစီဖောင်းတွေ ပြုတ်ထွက်မသွားအောင်လဲ
ကာကွယ်ရမည်ဖြစ်ပြီး ကြိုးပြတ်ကာ
ပူပေါင်းလွှင့်ထွက်သွားပါက အရှုံးသာဖြစ်သည်။
VOUS LISEZ
အချစ်ဦးသည်သာ
Roman d'amourပတ်ဂျီမင်း (Idol) & ဟန်ဆုယောင်း (You) သိပ်ချစ်ခဲ့တဲ့ အချစ်ဦးနှင့် ဝေးကွာသွားပြီးနောက်၊ ပြန်ဆုံတွေ့သောအခါ ဘာတွေဆက်ဖြစ်မှာလဲ ? အချစ်စစ်နှင့် ချစ်ခဲ့ကြသူတို့ရဲ့ အဆုံးသတ်ကရော ? IDOL × OC (Fanfic) I hope you will enjoy it ❣️ Thanks For reading my First...