Unicode ‼️
⭐နှစ်တွေကြာမြင့်ခဲ့ပြီဆိုတော့
မေ့သွားလောက်ပြီလို့
စိတ်မှာ တွေးထင်မိချိန်
ဝမ်းနည်းတယ် ။သို့ပေမဲ့ ~~
⭐ကိုယ့်အတွက်ကတော့
အချစ်ဦးမို့
မေ့ဖျောက်ဖို့ရာ
မဖြစ်နိုင်လေတယ် ။⭐တကယ်လို့
ခုနေအချိန်
ပြန်တွေ့ကြရင်ရော
ဟိုတချိန်ကလိုပင်
ရင်တွေခုန်နေဦးမှာလားဟင်
သိချင်မိပါတယ် ။••••• အချစ်ဦးသည်သာ ••••••
အချိန်တွေ တရွေ့ရွေ့ ကုန်လွန်လာလိုက်တာနီညိုရောင် နေလုံးကြီးက အရောင်စုံဖြန့်ကျက်ရင်းတဖြေးဖြေးကွယ်ပျောက်တော့မည့်
ညနေဆည်းဆာသို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ကျွန်တော်ကတော့ မီးပြတိုက်ထက်ကနေ ဆည်းဆာညနေခင်းကို ပင်လယ်တဆုံး မျှော်ငေးကြည့်ပြီး တွေးရင်း ဆွေးရင်းဖြင့်သာ အချိန်တွေ လွန်မှန်းမသိ လွန်ခဲ့လေပြီ ။
ပင်လယ်နှင့်ကောင်းကင်ထိတွေ့နေသည့်အနားသတ်မျဉ်းတစ်နေရာ၌နေလုံးကြီး မြုပ်တဝက်ဖြစ်နေတာကို ကြည့်နေရင်းနှင့်ပင်
မကြာခင် နေလုံးကြီး ကွယ်ပျောက် သွားတော့မှာကို တွေးရင်း လွမ်းတသသဖြစ်လာသလိုလို ...
"မသွားပါနဲ့လား နေမင်းရယ်" ဟုတောင်းဆိုပြီး ပြေးကာ ဆွဲထားလိုက်ချင်သလိုလိုနဲ့ စိတ်တွေက ထွေပြားကာ အလွန်အမင်းကို ခံစားမှု အား ပိုမိုကောင်းနေခဲ့လေသည်။
သို့ပေမဲ့ ညနေဆည်းဆာအောက်တွင်
ရောင်ခြည်ပက်ဖျန်း ထားသည့်
ဘော်ငွေရောင်လှိုင်းကြပ်ခွပ်လေးများ
သောင်ပြင်ကမ်းစပ်ဆီသို့ ကျီစယ်ပုတ်ခတ်ပြေးလွှားဆော့ကစားနေတဲ့ အသံလေးတွေကို အာရုံခံစားမိချိန်မှာတော့အတိတ်တချိန်က ဝေဝေဆာဆာ အုံးအုံးကြွက်ကြွက် ဆူဆူညံညံ အသံလေးများဖြင့် ပျော်ရွှင်ခဲ့ကြဖူးသည့် ညနေခင်း Party လေးဆီသို့သာ တမ်းတလွမ်းစိတ်တွေကို ပိုစေခဲ့လေတော့သည် ။
أنت تقرأ
အချစ်ဦးသည်သာ
عاطفيةပတ်ဂျီမင်း (Idol) & ဟန်ဆုယောင်း (You) သိပ်ချစ်ခဲ့တဲ့ အချစ်ဦးနှင့် ဝေးကွာသွားပြီးနောက်၊ ပြန်ဆုံတွေ့သောအခါ ဘာတွေဆက်ဖြစ်မှာလဲ ? အချစ်စစ်နှင့် ချစ်ခဲ့ကြသူတို့ရဲ့ အဆုံးသတ်ကရော ? IDOL × OC (Fanfic) I hope you will enjoy it ❣️ Thanks For reading my First...