Unicode ‼️
လွယ်လွယ်နဲ့ ဖျောက်ဖျက်မရတာ
ဒီရင်ထဲက အချစ်ပါ...။တကယ်ဆို
ဘယ်လောက်ချစ်သလဲလို့ မမေးပါနဲ့
မင်းတွေးထင်ထားတာထက်
အစပေါင်းများစွာ ပိုသာတာမို့ ။ထားရစ်ခဲ့လိမ့်မယ်လို့လဲ မတွေးပါနဲ့
မင်းအနားကနေ တဖဝါးမှတောင်
မခွဲခွာချင်တဲ့ လူသားမို့ ။•••••• အချစ်ဦးသည်သာ •••••••
စားပွဲပေါ်ဝယ်တင်ထားသော ဖုန်းလေးကတော့ မီးအစိမ်းလေး တဖြတ်ဖြတ်လင်းရင်း My Life 💜 ဆိုတဲ့ Nicknameလေးပေးထားတဲ့သူဆီကနေ Messageတွေ Miss Callတွေ ဝင်နေပေမဲ့ ဖုန်းပိုင်ရှင်ကောင်မလေးကတော့ သိနိုင်မည်မဟုတ်ပေ ။တုန်ကနဲ တုန်ကနဲ ဖြစ်သွားတဲ့ ခန္ဓာငယ်လေးကသာ စောင်ပုံထဲဝယ်ကွေးရင်းဖြင့်တသိမ့်သိမ့်ရှိုက်ကာ ငိုနေသည်ဆိုတာကို သက်သေပြနေပေသည်။
ရုံးကနေ ပြန်ရောက်ကထဲက ထိန်းထားခဲ့တဲ့ အသိစိတ်နဲ့ ခန္ဓာက ဆက်မထိန်းထားနိုင်တော့အောင်အရုပ်ကျိုးပျက်လဲကျပြီး ကုတင်ပေါ်ရှိစောင်ပုံထဲဝင်အောင်းရင်း ငိုနေခဲ့တာ အခုချိန်ထိပင်။
မတွေးချင်ပေမဲ့ အခြေအနေ အရပ်ရပ်ကို ပြန်သုံးသပ်မိ တွေးမိတိုင်း သူနဲ့အတူပျော်စရာသိပ်ကောင်းတဲ့ ကမ္ဘာလေး တည်ဆောက်နိုင်ဖို့ ဘယ်လောက်ထိ စိတ်ကူးတွေယဉ်ပြီး အမျှော်လင့်ဆုံးဖြစ်ခဲ့တယ်ဆိုတာ ကိုယ်သာ အသိဆုံး။
ဒါပေမဲ့ ထိုအရာအားလုံးဟာကောင်းကင်ပေါ်က တိမ်တိုက်လေးလိုပဲမျှော်ကြည့်ယုံကလွဲပီး ဖမ်းဆုပ်ထိတွေ့ပိုင်ဆိုင်ခွင့်တောင်မရတော့ဘဲ ကိုယ်နဲ့ဝေးရာ ထွက်ခွာသွားရင်းနောက်ဆုံးတော့ တစစီ ပျယ်လွင့်ပျောက်ကွယ်သွားတော့မယ်ဆိုတဲ့ အတွေးစိတ်တွေဝင်လာတော့ လူကရူးချင်တင်တင်။
ရင်ဘက်တခုလုံးလဲ နာကျင်မွန်းကျပ်ပြီး မျက်ရည်တွေကသာ တသွင်သွင်စီးကျရင်း Park Jimin & Mona Dating News ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့နှစ်ယောက်ရဲ့ ပုံတွေကိုသာ မြင်ယောင်နေမိတာက ဆိုးဝါးလွန်းသည်။
YOU ARE READING
အချစ်ဦးသည်သာ
Romanceပတ်ဂျီမင်း (Idol) & ဟန်ဆုယောင်း (You) သိပ်ချစ်ခဲ့တဲ့ အချစ်ဦးနှင့် ဝေးကွာသွားပြီးနောက်၊ ပြန်ဆုံတွေ့သောအခါ ဘာတွေဆက်ဖြစ်မှာလဲ ? အချစ်စစ်နှင့် ချစ်ခဲ့ကြသူတို့ရဲ့ အဆုံးသတ်ကရော ? IDOL × OC (Fanfic) I hope you will enjoy it ❣️ Thanks For reading my First...