အခန်း(၅) - အတိတ်​ပုံပြင်​(၄)

3K 316 46
                                    

Unicode‼️

ညအခါ ဟိုးအ​ဝေးက​ကောင်းကင်​ယံထက်​မှာ
လင်းလက်​လှပစွာသာ​နေတဲ့ လမင်းကြီးကို
တခါတရံ​ရေအိုင်​ငယ်​လေးထဲမှာ လရိပ်​လေးအဖြစ်​နီးကပ်​စွာ မြင်​တွေ့နိုင်​ပေမဲ့
ဖမ်းဆုပ်​ထိ​တွေ့ခွင့်​မရှိသလို ~~

ကိုယ့်​အနားကို​ရောက်​လာခဲ့ဖူးတဲ့
မင်းကိုလဲ အ​တွေးနဲ့တင်​ရင်​ထဲမှာပဲ
သိမ်းဆည်းထားခဲ့ ရပြီး​
တကယ်​ထွေး​ပွေ့ပိုင်​ဆိုင်​ခွင့်​တော့
မရခဲ့ပါဘူး အချစ်​ဦးရယ်​ ~~

••••• အချစ်ဦးသည်သာ•••••

​ကျောင်းပ​ဒေသာကပွဲကြီး​အောင်​မြင်​စွာ
ကျင်းပပြီးစီးသွားတဲ့​နောက်​ပိုင်းမှာ ရလဒ်​အဖြစ်​က​တော့ ကျွန်​မနဲ့ ဂျီမင်း ကို လိုက်ဖက်လွန်းတဲ့ Cute Couple ဟု သတ်​မှတ်​ကာ ကြိတ်​ပြီးသ​ဘောတူ​နေတဲ့ သူတွေရှိလာသလို

ကျွန်​မကို Crush တဲ့သူ ပိုတိုးလာပြီး​

ဂျီမင်း ကို Crush​နေတဲ့သူ​တွေရဲ့ မနာလို
မုန်းတီးမှုကို ခံခဲ့ရတာ​တွေ အပြင်​တော့
ဒီထက်​ပိုမို ထူးခြားတာ ဘာမှ မရှိခဲ့ပါဘူး ။

ဒါ​ပေမဲ့ အနည်းငယ်​ထူးခြားတာက​တော့
ကျွန်​မကို Crush တဲ့ သူထဲမှာ ဂျီမင်း ရဲ့
သူငယ်​ချင်း နစ်ခွန်း ပါလာတာကို ကျွန်​မ မသိခဲ့သလို ကျွန်​မကို မုန်းတီးတဲ့သူထဲမှာ
ကျွန်​မတို့အခန်းရဲ့ Queen ချိုချယ်ရီ
ပါ​နေတာကို​လဲ အဲ့အချိန်​က ကျွန်​မ သတိမထားမိခဲ့ပါဘူး ။

တကယ်​တော့ ချိုချယ်ရီ က နှင်းဆီပန်းလို
မိန်းက​လေးမျိုးပါ ရဲရင့်​တယ်​ထက်မြက်​တယ်​
ဒါ​ပေမဲ့ နှင်းဆီဆူးနဲ့တူတဲ့ သူရဲ့အတ္တ​ကြီးမှု​ကြောင့်​လူတိုင်း မပိုင်​ဆိုင်​ချင်​ရဲတဲ့ ပန်းဖြစ်​သွားတယ်​။

ကျွန်​မက​တော့ ကိုယ့်​ဘာသာကို စံပယ်​လို
ပန်းက​လေးအဖြစ်​ခံယူထားတယ်​ ။
ဖြူစင်​သန့်​ရှင်းမှုရယ်​ မွှေးပျံ့တဲ့ ရနံ့​လေးရယ်​က အများသူငါ ခုံမင်​နှစ်​သက်​ချင်​စရာ ဖြစ်ခဲ့ရင်​ကျေနပ်​ပါပြီ ။

သို့​သော်​လည်း ကျွန်​မက ကျွန်​မဘ၀​
ကျွန်​မ ကမ္ဘာလေးကို ရိုးရိုးရှင်းရှင်း​လေးပဲ
သတ်​မှတ်​ထား​ခဲ့ပေမဲ့ တချို့​သော မိန်းက​လေး​တွေက အလှဂုဏ်​မောက်​တတ်​ကြပြီး သူတို့ရဲ့​နေရာ သူတို့ပိုင်​ဆိုင်​ချင်​တဲ့အရာကို တခြားသူ လုယူသွားမှာ သိပ်​ကြောက်​တတ်​ကြတဲ့အတွက်​သူတပါးကို မလုပ်​သင့်​တဲ့ အလုပ်​ဘာမဆို
လုပ်​ရဲသွားတယ်​ဆိုတဲ့ သင်​ခန်းစာ တစ်​ခုကို​တော့ ချိုချယ်ရီ က ကျွန်​မ သိ​အောင်​
သင်​ပြ​ပေးသွားခဲ့တယ်​။

အချစ်ဦးသည်သာWhere stories live. Discover now