Unicode ‼️
မုန်တိုင်းထန်ပြီးရင်
လေပြေလေအေးလေးတွေနဲ့
သာယာလှပတဲ့ ရာသီဥတုလေး ရနိုင်သလို
အခက်အခဲအတားအဆီးတွေကို
ဖြတ်ကျော်ပြီးရင်လဲ
ပျော်ရွှင်ကြည်နူးစရာ
အချစ်ကမ္ဘာလေးကို
ရောက်နိုင်ပါတယ်။••••••အချစ်ဦးသည်သာ•••••
တကယ့်ကို မုန်တိုင်းကင်းစင်ပြီး ကြည်လင်တောက်ပနေတဲ့ကောင်းကင်ပြာပြာကြီး နဲ့ သာယာလှပလွန်းတဲ့နေ့လေးမှာ ပင်လယ်ပြင်ကြီးထဲက လှိုင်းကြက်ခွပ်လေးတွေ ကမ်းစပ်ကိုကပ်လိုက်အဝေးကို ပြန်သွားလိုက်နဲ့ ပြေးလွှားဆော့ကစားနေတဲ့ပုံလေးကကို ချစ်စရာ။
ဒီလို သာယာလှပတဲ့ကြည်နူးစရာအပြည့်ရှိတဲ့
ပင်လယ်ကမ်းခြေလေးမှာ တသက်မမေ့နိုင်စရာပျော်ရွှင်စရာလေးတွေကို အတူတူဖန်တီးနိုင်ခဲ့ဖူးတဲ့အတွက်အရမ်းလဲ ကျေးဇူးတင်သလို
အမြဲသတိရ တမ်းတနေမိပါတယ်
အချစ်ဦးရယ် ။အဲ့ဒီတုန်းက ......
နားလည်မှုလွဲ အထင်အမြင်လွဲခဲ့ ပြဿနာတွေ ဖြစ်ခဲ့ပြီးနောက်ဝေးကွာပြီထင်တဲ့ နှလုံးသား
ချင်းက နားလည်မှုရကာ ပိုမိုနီးကပ်သွားခဲ့တဲ့ အချိန်မှာတော့ ဖြတ်သန်းရတဲ့နေ့ရက်တိုင်းက တဖန်ပြန်လည်၍ အေးချမ်းသာယာမှုအပေါင်း
နှင့်ပြည့်စုံနေခဲ့ပါသည်။ကျောင်းသားဘ၀ရဲ့ကျောင်းတက်ရတဲ့နေ့ရက်တွေမှာ သူ့ရဲ့အပြုံးချိုလေးတွေကို ဆက်လက်လက်ခံရင်း ရင်ခုန်ပျော်ရွှင်စွာဖြင့်ဘာအနှောက်အယှက်မှ မရှိ ပုံမှန်ပဲ ဖြတ်ကျော်နိုင်ခဲ့တဲ့အပြင် တစ်နေ့မှာတော့ သာယာလှပတဲ့ ကမ္ဘာလေးကိုခေါ်ဆောင်သွားမဲ့အကြောင်းသတင်းကောင်းလေးတစ်ခုရောက်ရှိလာခဲ့သည်။
"တပည့်တွေအားလုံးပဲ နားထောင်ပေးပါ"
အတန်းထဲကို ဆရာဝင်လာပီး ဆရာ့အသံကြားတော့ ဆူညံနေတဲ့ အသံတွေ လျှက်တပြက်တိတ်ဆိတ်သွားသည်။
YOU ARE READING
အချစ်ဦးသည်သာ
Romanceပတ်ဂျီမင်း (Idol) & ဟန်ဆုယောင်း (You) သိပ်ချစ်ခဲ့တဲ့ အချစ်ဦးနှင့် ဝေးကွာသွားပြီးနောက်၊ ပြန်ဆုံတွေ့သောအခါ ဘာတွေဆက်ဖြစ်မှာလဲ ? အချစ်စစ်နှင့် ချစ်ခဲ့ကြသူတို့ရဲ့ အဆုံးသတ်ကရော ? IDOL × OC (Fanfic) I hope you will enjoy it ❣️ Thanks For reading my First...