Unicode
_________Seoul National University
" ပန်းတွေမှာ သူတို့အထူးပြုတဲ့
ကိုယ်ပိုင်ဂုဏ်သတ္တိတွေ ရှိကြတယ်
ကောင်းပြီ ~ ဒီထဲက မင်းတို့သိတဲ့
ပန်းတစ်မျိုးရဲ့ အကြောင်းကို ပြောပြနိုင်မလား ?Jennie ~ ဆရာ့ကို တစ်ခုလောက်ပြောပြစမ်းပါ "
ဘောပင်ကိုလှည့်နေတာ ရပ်လိုက်တယ်
ဆရာခေါ်နေပြီလေ ~ Jennie ဆိုတာ သူမပဲပန်းတစ်မျိုးဆိုတော့ သူမ သိတာလည်း ဒီတစ်ခုတည်း
" Daisy ပန်း ? "
" သူ့ရဲ့ဂုဏ်သတ္တိတွေ ပြောပြဦးလေ "
ရှုပ်ပွနေတဲ့ဆံပင်စတစ်ချို့ကိုသပ်ပြီး
" အပြစ်ကင်းစင်ခြင်းနဲ့ သန့်ရှင်းခြင်းကို ဖော်ညွှန်းတယ်
Norse ဒဏ္ဍာရီအရ သူတို့က
အချစ်နဲ့လှပခြင်း နတ်ဘုရားမ Freya ရဲ့ မြင့်မြတ်တဲ့ပန်းတွေအရောင် မျိုးစိပ် 20 ကျော်လောက်ရှိပြီး
ကျွန်မအကြိုက်ဆုံးက အဝါရောင် Daisy ပန်းကိုပဲ ~အစားထိုးမရနိုင်တဲ့ ခင်မင်ရင်းနှီးမှုကို ကိုယ်စားပြုတယ် "
" Good Job !
အခြားကျောင်းသားတွေမေးကြည့်ရင်တော့
အချစ်ကို ကိုယ်စားပြုတဲ့ပန်းတွေပဲ ဖြေကြမယ်ထင်တယ် "ဆရာ့ ရဲ့ ဟာသကြောင့် အားလုံးက
အာမေဋိတ်အသံတွေထွက်လာပြီး ရယ်မောကြတယ်" အချစ်ကိုကိုယ်စားပြုတဲ့ပန်းက
ယောကျ်ားလေးတိုင်းမှာရှိပါတယ် ဆရာ !
ရှင်သန်မွေးဖွားခြင်းတစ်ခုကို ပေးစွမ်းနိုင်တယ်လေ "အတန်းရဲ့ဟာသဥာဏ်ရွှင်တဲ့ Bobby က
သူ့ရဲ့ခန္ဓာယ်ကိုယ်ကို ရှေ့ကော့ပြပြီး ပြောလာတဲ့
စကားကြောင့် အားလုံး ခဏတော့စဥ်းစားမိလိုက်တယ်နောက်မှ အဓိပ္ပါယ်သိပြီး ဝိုင်းအော်ကြကာ
Bobbyကို စာရွက်တွေလုံးချေထားတာနဲ့ ပစ်ပေါက်ကြတယ်Alarm မြည်သံကြားတာကြောင့်
အားလုံးက မတ်တပ်ရပ်လိုက်သည်
YOU ARE READING
Yellow Is The Warmest Colour💛(Ongoing)
Romanceဒေစီပန်းတွေက နေရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး ရှင်သန်ကြရတာကြောင့် Day's Eye လို့ လူတွေက တင်စားခေါ်ဝေါ်ကြတယ် ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ဒေစီပန်းတွေကိုချစ်မြတ်နိုးတဲ့ကောင်မလေးတစ်ယောက်အတွက် တစ်စုံတစ်ယောက်က အနွေးထွေးဆုံးသောန...