Unicode 🌼
------------နေ့ လည်စာစားဖို့ လာခေါ်တာကြောင့် Yoona ဥယျာဥ်ထဲကနေ
ထွက်လာခဲ့တယ် ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ထမင်းဝိုင်းမှာ
မိမိနှင့် ဖခင်ဖြစ်သူနှစ်ယောက်ထဲသာဖြစ်သည် ။" Ruby က အပြင်သွားတယ် ။ Lisa ကလည်း အစောက
ဆေးလာတောင်းတုန်းက သူ မဆာသေးဘူးလို့ ပြောသွားတော့
သမီးနဲ့ Daddy နှစ်ယောက်ထဲ နေ့ လည်စာ စားရတော့မှာပေါ့ "" ဟုတ်ကဲ့ "
မိမိစိတ်တွေက အစောတုန်းက ဥယျာဥ်ထဲမှာ Lisa ပြောသွားတဲ့
စကားတွေဆီမှာသာ ရောက်နေခဲ့တာမို့ ဖခင်ဖြစ်သူကို ခပ်တိုတို
ဖြင့်သာ တုံ့ ပြန်ပြောဆိုလိုက်သည် ။" ဒါနဲ့ ဥယျာဥ်ထဲမှာ _ "
ကိုယ့်အရိပ်အကဲကိုကြည့်နေပုံရသည့် ဖခင်ဖြစ်သူက စကားကို
အဆုံးထိမပြောဘဲ ရပ်တန့် လိုက်တယ် ။
Yoona လည်း လွင့်နေတဲ့အာရုံတွေကို ပြန်စုစည်းပြီး အရှေ့ က
ဖခင်ဖြစ်သူကို လေးစားသမှုပြုလိုက်ရသည် ။" တောင်းပန်ပါတယ်နော် Daddy ! "
" ရပါတယ် ကိစ္စမရှိပါဘူး "
" Daddy အစောက ဘာပြောမလို့ လဲဟင် ? "
" ဥယျာဥ်ထဲမှာ Lisa က သမီးကို လက်ထက်ဖို့ ပြောတဲ့ကိစ္စ ၊
အဲ့ဒါဘာဖြစ်လို့ ငြင်းလိုက်ရတာလဲ ? "" သမီးတို့ ပြောနေတာကို Daddy ကြားသွားတာလား ? "
အံ့သြတကြီးမေးလိုက်တော့ ဖခင်ဖြစ်သူက ခေါင်းညိမ့်ပြတယ် ။
ဒီစကားတွေက ဖခင်ဖြစ်သူအတွက် ကြားလို့ ကောင်းမယ့်အရာတွေ
မဟုတ်နိုင်လောက်ဘူး ။
လေးလံလာတဲ့စိတ်နဲ့ အတူ Yoona သက်ပြင်းရှည်ချမိသည် ။" ဒုတိယထပ် ဝရံတာမှာ ပန်းပင်တွေရေလောင်းနေတုန်း သမီးတို့
ပြောတဲ့စကားအချို့ကို Daddy မတော်တဆကြားလိုက်ရတယ် ။
တစ်ချို့ စကားတွေကို သိပ်နားမလည်ပေမဲ့ သမီးကို Daddy
ပြောပြချင်တာက ညီမလေးအတွက်ဆိုပြီး မငဲ့ပါနဲ့ ၊ ထပ်ပြီးတော့
လည်း အနစ်နာမခံပါနဲ့ တော့ ။ သမီးငယ်အပေါ်မှာ Daddy အရမ်းအလိုလိုက်ခဲ့ရင်း သမီးကြီးအပေါ်မှာကျတော့ ဘာတစ်ခုမှ
တာဝန်မကျေခဲ့ရဘူး ။ Lisa ပြောတာကိုလက်ခံလိုက် ။
အစစအရာရာ ကြည့်စီစဥ်ပေးမှာမို့ သမီးက ပျော်အောင်နေပါ "
YOU ARE READING
Yellow Is The Warmest Colour💛(Ongoing)
Romanceဒေစီပန်းတွေက နေရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး ရှင်သန်ကြရတာကြောင့် Day's Eye လို့ လူတွေက တင်စားခေါ်ဝေါ်ကြတယ် ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ဒေစီပန်းတွေကိုချစ်မြတ်နိုးတဲ့ကောင်မလေးတစ်ယောက်အတွက် တစ်စုံတစ်ယောက်က အနွေးထွေးဆုံးသောန...