Unicode
------------" Baby ? "
Jennie ပြောမယ့်စကားတွေဟာ
မနေ့က တွေ့ခဲ့တဲ့အမျိုးသားရဲ့ Lisa အပေါ်
သုံးနှုန်းလိုက်သော အခေါ်အဝေါ်ကြောင့်
အလိုမကျစွာ နှုတ်ကရေရွတ်မိတယ်Lisa က Jennie ကို သတိထားမိပုံပါပဲ
ပုခုံးကို ခပ်ဖွဖွဆုပ်ကိုင်လာတဲ့လက်ကြောင့်
သူမဖက်ကိုလှည့်ပြီး မော့ကြည့်လိုက်တယ်" ကိုယ့်ရဲ့ သူငယ်ချင်းပါ
သူ့နာမည်က Kwon Bam တဲ့
ကိုယ်က ရင်းရင်းနှီးနှီး Bam လို့ပဲခေါ်တယ် "" တွေ့ရတာဝမ်းသာပါတယ်
ဒီက Kim Jennie မှတ်လား ?
Lisa ခဏခဏပြောဖူးတော့ လူကိုရင်းနှီးနေပြီ "Jennie အလိုက်ထိုက်
နှုတ်ခမ်းလှုပ်ရုံလေး ပြုံးပြလိုက်တယ်ထိုအမျိုးသားရဲ့ Lisa အပေါ်ကြည့်တဲ့
အကြည့်တွေဟာ သိပ်တော့အရောင်မကင်းဘူး" မနက်ဖြန် Kim Jisoo မွေးနေ့
အဲ့ဒါ နင်တို့အိမ်မှာပဲလုပ်မှာလား Lisa ? "" ည 7 နာရီလောက် party အတွက်
ပြင်ဆင်ကြမယ်လို့တော့ ပြောထားတယ်
တက္ကသိုလ်အဖွဲ့က သူငယ်ချင်းအနည်းစုပဲမို့
အိမ်မှာပဲညအိပ်ဖို့လည်း ပြင်ပေးထားပြီးသားနင်တို့ကောင်တွေ အိမ်မှာလာကူကြဦးနော် "
Kim Jisoo ဆိုတဲ့ အမည်ကို
Chae ပြောပြဖူးလို့ Jennie သိနေတယ်ညဖက်အထိ အိမ်မပြန်ဘဲကျင်းပကြမယ့် party ပွဲဟာ
Lisa ရဲ့ အိမ်မှာဆိုတာကို စိတ်ထဲ သိပ်ပြီးဘဝင်မကျဘူးစကားတွေပြောနေကြပြီး Bam ဆိုတဲ့သူက
Jennie ကိုနှုတ်ဆက်စကားပြောကာထွက်သွားတယ်ထိုအမျိုးသားနဲ့စကားပြောပြီးသွားတော့မှ
လှည့်ကြည့်လာတဲ့ Lisa ကို လျစ်လျူရှုရင်း
သူမ အစောကထည့်ပေးထားတဲ့အရက်ကို မော့လိုက်သည်" မနက်ဖြန် အိမ်မှာ မွေးနေ့ party လုပ်မှာလေ "
" အင်း ~ ခုဏကကြားပါတယ် "
![](https://img.wattpad.com/cover/269025563-288-k448349.jpg)
YOU ARE READING
Yellow Is The Warmest Colour💛(Ongoing)
Romanceဒေစီပန်းတွေက နေရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး ရှင်သန်ကြရတာကြောင့် Day's Eye လို့ လူတွေက တင်စားခေါ်ဝေါ်ကြတယ် ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ဒေစီပန်းတွေကိုချစ်မြတ်နိုးတဲ့ကောင်မလေးတစ်ယောက်အတွက် တစ်စုံတစ်ယောက်က အနွေးထွေးဆုံးသောန...