Unicode
-------------" စိတ်ကျရောဂါခံစားနေရတဲ့ ဝေဒနာရှင်
တော်တော်များများက ညဖက်တွေမှာ
သာမန်လူတွေလိုမျိုး ကောင်းကောင်းအိပ်မပျော်ကြဘူး ။
အိပ်ပျော်သွားတဲ့အခါမှာ တစ်ချို့တွေ ကတော့
အတိတ်က နာကျင်စရာအဖြစ်အပျက်တွေကို
စိတ်စွဲပြီးတော့ အိပ်မက် မက် လေ့ရှိတယ်အခုဖြစ်နေတာကို ကြည့်ရသလောက် အဲ့အတိုင်းပါပဲ
ပြောချင်တာက စိတ်ထိခိုက်စရာ တွေကို သိပ်မတွေးပါနဲ့ "ဆရာဝန်ပြောနေတဲ့စကားတွေကို နားထောင်နေတဲ့
သူမက မျက်တောင်မခတ်ဘဲ မျက်လုံးသေ နဲ့ ကြမ်းပြင်ကို
စိုက်ကြည့်နေရာကနေ စကားအဆုံးမှာ ခေါင်းမော့လာခဲ့တယ် ။" ကျွန်မ အဖေတစ်ယောက်လုံး ကျွန်မကြောင့်
သေသွားခဲ့ရတာ ဘယ်လိုလုပ် မတွေးဘဲနေနိုင်မှာလဲ
လွန်ခဲ့တဲ့ ၅ လလောက်က လိုမျိုး ပြန်ဖြစ်ချင်မိတယ် "" ဆေးလာတိုက်တဲ့ ဆရာဝန်မလေးကို ခေါင်းရိုက်ခွဲပြီး
ထွက်ပြေးသွားခဲ့တုန်းက အခြေအနေမျိုးကိုလား Lalisa ! "" ဟုတ်သားပဲနော် ... ကျွန်မ အရမ်းဆိုးခဲ့တာပဲ "
" အဲ့တုန်းက သူ့ဆီကိုသွားခဲ့တာမလား? "
ခေါင်းတဆတ်ဆတ်ညိမ့်လိုက်တယ် ။
ထွက်ပေါ်လာတာက မိမိအရှေ့မှာ ထိုင်နေတဲ့ ဆရာဝန်ရဲ့
သက်ပြင်းချသံ သဲ့သဲ့လေး ။" ဘာတွေပြောဖြစ်ခဲ့လဲ?
သူက Lisa ကို ဘာတွေပြောခဲ့လို့ ဆေးရုံကနေ
ထွက်ပြေးသွားခဲ့ပြီးမှ ပြန်ရောက်လာခဲ့ရတာလဲ? "ပြန်တွေးမိတိုင်း နာကျင်ရတဲ့ အတိတ်ဟာ
Lisa ကို မျက်ရည်ကျစေဖို့အထိ လုံလောက်ပါတယ် ။" အဲ့နေ့က သူ လက်ထပ်တဲ့နေ့ ...
ကျွန်မ သူ့ဆီကိုသွားပြီး ဘာဖြစ်လို့ မချစ်တဲ့သူကို
လက်ထက်ရတာလဲ ဆိုတဲ့ မေးခွန်းတစ်ခုကို မေးခဲ့တယ် "" သူက ဘာပြန်ဖြေလဲ? "
မျက်ရည်တွေကြားထဲကနေ ခပ်ရေးရေးပြုံးတော့
ဆရာဝန်က ထူးဆန်းသလိုမျိုး ကြည့်လာခဲ့တယ် ။
Lisa မပြုံးဖြစ်တော့တာ ဘယ်ကတည်းကများလဲ ။
![](https://img.wattpad.com/cover/269025563-288-k448349.jpg)
VOUS LISEZ
Yellow Is The Warmest Colour💛(Ongoing)
Roman d'amourဒေစီပန်းတွေက နေရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး ရှင်သန်ကြရတာကြောင့် Day's Eye လို့ လူတွေက တင်စားခေါ်ဝေါ်ကြတယ် ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ဒေစီပန်းတွေကိုချစ်မြတ်နိုးတဲ့ကောင်မလေးတစ်ယောက်အတွက် တစ်စုံတစ်ယောက်က အနွေးထွေးဆုံးသောန...