Unicode
-------------Landon ကို Jennie ရောက်တော့
လေဆိပ်မှာ လာကြိုသူက အကိုဝမ်းကွဲဖြစ်တယ် ။
ကားနဲ့ ခေါ်ရာကို လိုက်လာခဲ့ပေမယ့်
သူရပ်လိုက်တဲ့နေရာက ဆေးရုံမဟုတ်ဘဲ
ခြံဝန်းအကျယ်ကြီးနဲ့ နှစ်ထပ်တိုက်လေးတစ်လုံး ..." Nini ဆင်းတော့လေ "
" ဆေးရုံမသွားဘူးလား Mark
Mommy ဆီ Nini သွားချင်တယ် "" အထဲကို အရင်လိုက်ခဲ့ပါ Nini ရယ် "
ပြုံးပြီးပြောလာတဲ့ အကိုဖြစ်သူနောက်ကနေ
Jennie အိမ်ထဲကို လိုက်ဝင်လာခဲ့တော့
ဧည့်ခန်းထဲအရောက်မှာ လုံးဝ အံ့အားသင့်သွားရတယ် ။ကားတိုက်မှုဖြစ်လို့ စိုးရိမ်ရပါတယ်ဆိုတဲ့
Mommy က ဧည့်ခန်းထဲမှာ Daddy ဖက်က
ဆွေမျိုးတွေနဲ့ ဝိုင်သောက်ပြီး စကားတွေပြောလို့၊
Jennie ကို တွေ့တော့ Mommy က ပြုံးပြပြီး
ဝိုင်ခွက်ကို စားပွဲမှာတင်ကာ အနားကိုရောက်လာခဲ့တယ် ။" ဘာလို့လိမ်ရတာလဲ Mommy
ဘယ်လောက်စိတ်ပူသွားရသလဲ သိလား "" တောင်းပန်ပါတယ် Baby ရယ်
Mommy ဒီအတိုင်းခေါ်ရင်မလာမှာစိုးလို့ "" ဘာတွေ ဒီလောက်အရေးကြီးနေလို့
သမီး မလာမှာကို စိုးရိမ်နေရတာလဲ "" Jennie "
အနောက်ဖက်ကနေ ထွက်လာတဲ့
ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့
၄ နှစ်လောက်အထိ အတူတူကျောင်းတက်ခဲ့တဲ့
သူငယ်ချင်းဟောင်းဖြစ်သူ KittyChicha ..." Are you kidding me ?
နင် ဒီမှာ ဘယ်လိုလုပ်ရောက်နေတာလဲ
ငါတို့တွေ အဆက်အသွယ်ပြတ်သွားတာ
ဘယ်လောက်တောင်ကြာနေပြီလဲ Kitty "သူမကို Jennie ဝမ်းသာအားရပြေးဖက်ရင်း
ပြောလိုက်တော့ Kitty က ပြန်ပြီးပွေ့ဖက်တယ် ။" နင့် Mommy က ငါ့ အဖေရဲ့
သူငယ်ချင်းဆိုတာ မေ့နေတာလား
ဒါနဲ့ နေကြပါဦး သတင်းကောင်းကို
နင် အခုထိ မကြားရသေးဘူးလား "
![](https://img.wattpad.com/cover/269025563-288-k448349.jpg)
ESTÁS LEYENDO
Yellow Is The Warmest Colour💛(Ongoing)
Romanceဒေစီပန်းတွေက နေရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး ရှင်သန်ကြရတာကြောင့် Day's Eye လို့ လူတွေက တင်စားခေါ်ဝေါ်ကြတယ် ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ဒေစီပန်းတွေကိုချစ်မြတ်နိုးတဲ့ကောင်မလေးတစ်ယောက်အတွက် တစ်စုံတစ်ယောက်က အနွေးထွေးဆုံးသောန...