Unicode
------------Mrs . Kim နဲ့ သူ့အမျိုးသားက
မနက်စာစားနေကြတုန်း ခြံအရှေ့မှာ
သမီးဖြစ်သူပြန်လာတာကိုလှမ်းတွေ့လိုက်တယ်နောက်ပြီးတော့ ကားပေါ်ကဆင်းလာတဲ့မိန်းကလေးတစ်ဦး
Jennieရဲ့နှဖူးကို ခပ်ဖွဖွနမ်းပြီး ပြန်သွားတဲ့သူကြောင့်
တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပါယ်ရှိစွာကြည့်လိုက်ကြသည်" ပြန်လာပါပြီ ~ မနက်စာစားနေကြတာလား ? "
Jennie က သူ့အမေရဲ့ပါးကို ခပ်ဖွဖွလေးနမ်းပြီး
သူမ ထိုင်နေကျနေရာမှာ ဝင်ထိုင်ရင်းမေးလိုက်တယ်ဘာစကားမှ ပြန်မပြောလာသေးတဲ့ အမေကြောင့်
ဘေးမှာထိုင်နေတဲ့ ဦးလေးကိုတစ်ချက်ကြည့်လိုက်တော့
သူက မသိဘူးလေ ဆိုတဲ့ပုံစံမျိုး ပုခုံးတွန့်ပြသည်" အစောက အိမ်ရှေ့မှာမြင်လိုက်ရတဲ့ မိန်းကလေးက
ဘယ်သူလဲ ~ Mommy သူ့ကိုတစ်ခါမှမမြင်ဖူးပါဘူး "Jennie ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတယ်
ထမင်းစားခန်းထဲကနေ အိမ်အပြင်ဖက်ကိုလှမ်းမြင်နိုင်အောင်
မှန်နံရံ နဲ့ ဆောက်လုပ်ဖို့ စိတ်ကူးရခဲ့တဲ့ အင်ဂျင်နီယာတွေကိုသာ
စိတ်ထဲမှာ ရစရာမရှိအောင်လို့ အမျိုးမျိုးကျိန်ဆဲနေမိသည်အစောက Lisa နမ်းသွားတာကို မြင်သွားပြီပေါ့ ?
" Mommy မေးတာ ဒီလောက်စဥ်းစားစရာလိုလို့လား ? "
လက်ကိုလာကိုင်ပြီး မျက်မှောင်ကျုံ့ရင်း
မေးလာတဲ့ အမေဖြစ်သူကို Jennie ခေါင်းခါပြလိုက်တယ်" Chaeyoung ရဲ့ အမ ပါ
သူက သမီး ကို ညီမလေးအရင်းလိုပဲသိပ်ချစ်တာလေ
နောက်ကျတော့မှ Mommy တို့နဲ့ မိတ်ဆက်ပေးရမယ် "Jennie ပြောလိုက်တော့ Mommy နဲ့
ဦးလေးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
အချင်းချင်းခေါင်းညိမ့်ပြရင်း ပြုံးကြတယ်သူတို့ဘာလို့ ဒီလိုမျိုးပြုမူနေကြသလဲဆိုတာ
လုံးဝနားမလည်တာကြောင့် လိုက်ကြည့်နေမိသည်
ŞİMDİ OKUDUĞUN
Yellow Is The Warmest Colour💛(Ongoing)
Romantizmဒေစီပန်းတွေက နေရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး ရှင်သန်ကြရတာကြောင့် Day's Eye လို့ လူတွေက တင်စားခေါ်ဝေါ်ကြတယ် ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ဒေစီပန်းတွေကိုချစ်မြတ်နိုးတဲ့ကောင်မလေးတစ်ယောက်အတွက် တစ်စုံတစ်ယောက်က အနွေးထွေးဆုံးသောန...