Unicode
_________SMC ဆေးရုံ / အခန်း No.0027 ...
လူနာကုတင်ပေါ်မှာ ဆေးသွင်းပိုက်တန်းလန်းနဲ့
အိပ်မောကျနေတဲ့ Jisoo ကို Chaeyoung က
ကုတင်ဘေးမှာထိုင်ရင်း ငေးကြည့်နေမိတယ်သူမရဲ့မျက်နှာပေါ်က အလှတွေကို
တစ်ချို့တစ်နေရာကွယ်ဝှက်နေတဲ့ ဆံပင်တစ်ချို့ကြောင့်
Chaeyoung လက်နဲ့ အသာလေးဖယ်ပေးနေတုန်း" တို့ကိုမထားခဲ့ပါနဲ့ Lili ! "
Jisoo ရဲ့ပါးစပ်က ယောင်ပြီးညည်းတဲ့အသံကို
ကြားလိုက်တာကြောင့် Chaeyoung မျက်နှာပျက်သွားခဲ့တယ်သိပ်မကြာပါဘူး
သူမသတိရလာတာမို့ အတတ်နိုင်ဆုံးပြုံးပြရင်း" သတိရလာပြီလား Chu ! "
" Chae ဘယ်တုန်းက ~
ဒါနဲ့ အခု ဘယ်ကိုရောက်နေတာလဲ ? "ဘေးပတ်လည်ကိုကြည့်ပြီး
အလန့်တကြားမေးလာတဲ့ Jisoo ကို ကြည့်ရင်း" ဆေးရုံရောက်နေတာလေ Chu !
အိမ်အကူအဒေါ်ကြီး ph လှမ်းဆက်လို့ ~
ဒါနဲ့ စကားများပြီးရန်ဖြစ်ကြသေးတယ်ဆို ? "Jisoo က သိသိသာသာ ငိုင်ကျသွားတယ်
အမြဲတမ်းလိုလို အရိပ်တကြည့်ကြည့်နေလာခဲ့တာမို့
သူမကိုကြည့်လိုက်တာနဲ့ အခုဝမ်းနည်းနေမှန်း အလိုလိုသိသည်" ငိုချင်ရင် Chae ရှေ့မှာလည်း ငိုလို့ရပါတယ်
အနားမှာ တစ်စုံတစ်ယောက်ရှိနေတော့ စိတ်သက်သာ ..." unnie ကို သူမချစ်ဘူး Chae !
ချစ်လာမယ်လို့ထင်ခဲ့ပေမယ့် ခုထိ သူမချစ်သေးဘူး "မျက်ရည်တွေနဲ့ပြောလာတဲ့သူမက
Chae ကိုပါ နာကျင်စေတာတော့ မသိနိုင်လောက်ဘူးတရှုံ့ရှုံ့နဲ့ငိုနေတဲ့သူမကို ရင်ခွင်ထဲထည့်ပြီး
ဖက်ထားပေးရင်း ကျောကိုပုတ်ပေးနေမိသည်" သူ့ကိုလက်လွှတ်ပေးလိုက်ရတော့မလား ?
အမှန်တိုင်းပြောရရင် unnie ရဲ့ အချစ်က သူ့ကို
အရမ်းပူလောင်စေပြီး နာကျင်စေတယ်လို့ ထင်မိတယ် "
![](https://img.wattpad.com/cover/269025563-288-k448349.jpg)
KAMU SEDANG MEMBACA
Yellow Is The Warmest Colour💛(Ongoing)
Romansaဒေစီပန်းတွေက နေရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး ရှင်သန်ကြရတာကြောင့် Day's Eye လို့ လူတွေက တင်စားခေါ်ဝေါ်ကြတယ် ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ဒေစီပန်းတွေကိုချစ်မြတ်နိုးတဲ့ကောင်မလေးတစ်ယောက်အတွက် တစ်စုံတစ်ယောက်က အနွေးထွေးဆုံးသောန...