Unicode
_________အိမ်ကိုပြန်လာတော့ Lisa မရှိနေဘူး ။
Chaeyoung ဖုန်းဆက်ပေမယ့် ဖုန်းမကိုင်တဲ့ Lisa က
ထပ်ပြီးတော့စိတ်ပူရအောင်လို့ မမိုက်မဲလောက်ဘူးမလား?
တကယ်ပဲစိုးရိမ်မိပါတယ် ။ကားတစ်စီးပြီးတစ်စီး ဖြတ်သွားနေတဲ့
မြင်ကွင်းကိုကြည့်နေတဲ့ Lisa က ကားမှတ်တိုင်မှာ
ထိုင်နေခဲ့တာ ၁ နာရီ နီးပါးလောက်ရှိနေပြီဖြစ်သည် ။သူမ အိမ်ကိုပြန်တော့မယ်ဆိုပြီး Jisoo ကို ပြောကာ
ထွက်လာခဲ့ပေမယ့် တကယ်တမ်းမိမိအခြေအနေက
လမ်းဆက်လျှောက်ဖို့ အင်အားလုံးဝမရှိတော့ဘူး ။မျက်ရည်တွေနဲ့ ရှိုက်ကြီးတငင်ငင်ငိုနေတဲ့
သူမကို လမ်းသွားလမ်းလာတစ်ချို့က အတွေးမျိုးစီနဲ့
ကြည့်သွားကြပေမယ့် Lisa ဂရုမစိုက်နိုင်ခဲ့ဘူး ။" Jennie က ရက်စက်တယ် "
ခပ်တိုးတိုးရေရွတ်မိတယ် ။
သူမက မိမိအပေါ် အကြိမ်ပေါင်းများစွာ
ရက်စက်ခဲ့တာကိုသိပေမယ့် ယောင်လို့တောင်
' Jennie က မုန်းစရာကောင်းတယ် ' ဆိုတဲ့
စကားတစ်ခွန်းကိုတော့ Lisa မပြောထွက်ဖြစ်ခဲ့ဘူး ။သူမ ရက်စက်သမျှကို Lisa ခံနိုင်ရည်ရှိပါတယ် ။
သေလောက်အောင်နာကျင်မှုတွေပေးလည်းရပါတယ် ။
ဒါပေမယ့် Lisa က Jennie ကိုတော့ လုံးဝမမုန်းနိုင်ဘဲ
သူမကိုချစ်နေရတာကိုက အလှပဆုံးဝဋ်ကြွေးတစ်ခုလို့
ခံယူထားတဲ့သူ ။ဟက် ... ရယ်ရတယ်နော် ။
အတွေးနဲ့အတူ ဟက် ခနဲရယ်မိတော့ ဘေးမှာထိုင်နေကြတဲ့
လူတစ်ချို့က မိမိနဲ့ ခပ်ဝေးဝေးကို တိုးရွှေ့သွားကြတယ် ။
သူတို့ရဲ့အတွေးထဲ Lisa က အရူးတစ်ယောက်လားဆိုပြီးပေါ့ ။ထိုနေရာမှာ မိနစ်ပိုင်းလောက်ဆက်ထိုင်နေပြီးတာနဲ့
Lisa ထွက်လာခဲ့တယ် ။ အမေ မရှိခဲ့ပေမယ့်
အရှက်တရားရှိတတ်ဖို့သင်ယူခဲ့ရတဲ့ မိမိက
အရူးတစ်ယောက်လိုမျိုး လူတွေရဲ့အကြည့်ခံအပြောခံအဖြစ်
ခပ်ကြာကြာဆက်မနေချင်တော့ဘူး ။ မိမိကိုကြိုက်သလို
ပြောဆိုခွင့်ရှိတဲ့သူက Jennie တစ်ယောက်တည်းသာ ။
![](https://img.wattpad.com/cover/269025563-288-k448349.jpg)
YOU ARE READING
Yellow Is The Warmest Colour💛(Ongoing)
Romanceဒေစီပန်းတွေက နေရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး ရှင်သန်ကြရတာကြောင့် Day's Eye လို့ လူတွေက တင်စားခေါ်ဝေါ်ကြတယ် ။ ဒီဇာတ်လမ်းလေးထဲမှာလည်း ဒေစီပန်းတွေကိုချစ်မြတ်နိုးတဲ့ကောင်မလေးတစ်ယောက်အတွက် တစ်စုံတစ်ယောက်က အနွေးထွေးဆုံးသောန...