#Unicode
" မောင့် ဘက်ကသေချာပြီလား "
" အင်း "
ဧည့်ခန်းတစ်ခုတွင် မျက်နှာချင်းဆိုထိုင်နေကြသော ကောင်လေးနှစ်ယောက်
မျက်ဝန်းတွေမှာလဲပြတ်သားမှုကိုယ်စီနှင့်
" ကောင်းပါပြီ ယောင်းလက်မှတ်ထိုးပေးရမှာပေါ့ "
'မောင် ' ကျွန်တော့်ရဲ့ ငြိတွယ်မှုလေးမောင်ရေ
သိပ်ချစ်ရပါတယ် သို့သော် မောင်သိအောင် ကျွန်တော် ဘယ်သောအခါမှ ပြောပြဖြစ်တော့မည် မထင်တော့ပါ...ထယ်ယောင်း ခုံပေါ်ကစာရွက်ကိုယူရင်း လက်မှတ်ထိုးပြီး မောင့်ဘက်ကို ပြန်ပေးလိုက်သည်။
သူဆုတ်ကိုင်ခွင့်မရှိတော့တဲ့ လက်သွယ်သွယ်တွေးက သူကမ်းပေးတဲ့စာရွက်ကိုယူရင်း ကျန်တစ်နေရာမှာ လက်မှတ်ထိုးနေသည်။
သေချာသတိပြုမိမှ သူပထမဆုံးပေးခဲ့ဖူးတဲ့ whitegold penလေးပဲ..
ထယ်ယောင်းရဲ့နှုတ်ခမ်းရဲရဲလေးက အနည်းငယ်ပြုံးယောင်သန်းသွားသယောင်
အနည်းဆုံးတော့မောင်က သူပေးတဲ့လက်ဆောင်လေးကို အသုံးပြုနေသေးတယ်မို့လား..
ကျွန်တော်ဆိုတာလည်း ဘယ်လောက်ရူးလိုက်သလဲမောင်ရေ ...
" ထယ်ယောင်းစိတ်ချပါ ကိုယ့်တို့နှစ်ယောက်ရဲ့ပိုင်ဆိုင်မှု တစ်ဝက်ကို ထယ်ယောင်းနာမည်နဲ့လွှဲပေးလိုက်ပါ့မယ် "
စိမ်းကားသူက မည်သည့်စကားမဆို အလွယ်တကူပြောထွက်နေလေရဲ့
ကျွန်တော် မောင် ကလွဲဘာမှ မမက်မောပါဘူး မောင်ရယ်
" ယောင်း သွားတော့မယ် နောက်ဆုံးအနေနဲ့ နမ်းခွင့်ပြုပါ မောင် "
မောင့်အဖြေကို မစောင့်ပဲ မောင့်နှဖူးပြင်ကို ထယ်ယောင်းနှုတ်ခမ်းလေးနဲ့ဖိကပ်လိုက်သည်။
စက္ကန့်တော်တော်ကြာကြာအထိ
နောက်ဆုံးအနမ်းမို့ အလွတ်ရနေသည်အထိ ကျွန်တော်နမ်းပါရစေ မောင်ရယ်
လှည့်ထွက်လာလိုက်သည်။စီးကျလာတဲ့မျက်ရည်တွေကို မောင်မမြင်စေချင်တာကြောင့်...