အပိုင်း - ၀၉ / အပိုင္း - ၀၉

967 214 21
                                    


⟨ Unicode Version ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင်း ၀၉
***********

" နမ်ဂျွန်း!! နမ်ဂျွန်း!!! ဘယ်သွားဖို့လဲ ကိုကိုရော ... ကိုကို့ကိုမစောင့်ဘူးလား "

အခန်းထဲကနေ ထွက်ထွက်လာချင်း အပြင်မှာထိုင်နေတဲ့ကုကုကမေးလေတော့ နမ်ဂျွန် လှည့်တောင်မကြည့်ဘဲ အဆောင်ကနေထွက်ကာ အိမ်တော်ထဲကနေပါထွက်ခဲ့သည်။ စိတ်တိုတာရော ဝမ်းနည်းတာရော ခံစားချက်တွေက ရောပြွန်းနေသည်မို့ သူ ဘယ်သူ့ကိုမှစကားမပြောချင်။

ငယ်ငယ်လေးကတည်းက တစ်ခုခုဆို အဖေကြီးဟာ အစ်ကိုကြီးအတွက်သာကြည့်ခဲ့သည်။ အစ်ကိုကြီးကိုလဲ သူချစ်သည်မို့ စိတ်မဆိုးပေမဲ့ သူဝမ်းနည်းမိသည်။ သူလည်း အဖေကြီးရဲ့သားတစ်ယောက်ပဲလေ။ ညီအစ်ကိုနှစ်ယောက် မျှမျှတတရှိသင့်ပေမယ့် အဖေကြီးက သူ့ထက်အစ်ကိုကြီးကို အမြဲတမ်း ဂရုစိုက်မှန်းသည်။ သူ့ကို အမြဲကလေးတစ်ယောက်လိုဆက်ဆံပြီး အရေးပေးခဲ့သည်မရှိ။ ၁၉နှစ်ဆိုတဲ့သူ့အသက်အရွယ်မှာ ရှိသင့်တဲ့ရင့်ကျက်မှုတွေရှိနေပြီဖြစ်သည်။


နမ်ဂျွန်တစ်ယောက် စိတ်ပေါက်ပေါက်နဲ့လမ်းလျှောက်လာတာ အသိဝင်တော့မှ သတိထားကြည့်တော့ ဈေးထဲထိတောင် ရောက်လုနီးပါးပင်။ ဟန်ယန်းကိုတစ်ခါမှမရောက်ဖူးသည်မို့ စိမ်းသက်သက်ဖြစ်နေပေမဲ့ ကောင်းတာတစ်ခုက လမ်းတွေကို သူမှတ်မိလွယ်သည်လေ။ စိတ်တိုခဲ့တာတွေကို နမ်ဂျွန်မေ့ပြီး ပြုံးလိုက်သည်။ ထို့နောက် ခါးမှာချိတ်ထားတဲ့ငွေစထုပ်ကိုစမ်းကာ ပြုံးရင်း ဈေးထဲအေးအေးလူလူဝင်သွားလိုက်တော့သည်။


" ‌အာလူးမုန့်လေး ဝယ်ပါဦးလား ဦးဦး "

မမြင်ဖူးတဲ့အရာတွေလှည့်ပတ်ကြည့်နေရင်း အင်္ကျီစကိုဆွဲကာ ပြောလာတဲ့ကလေးငယ်တစ်ယောက်ကြောင့် နမ်ဂျွန်ငုံ့ကြည့်လိုက်သည်။ ညစ်ပတ်ပေရေနေတဲ့ ကလေးတစ်ယောက်က အာလူးမုန့်တွေရောင်းနေတာပင်။ ဒီလိုပူလွန်းလှတဲ့နေရောင်အောက်မှာ ကလေး ဒီလိုတွေ ရောင်းနေရတာ ပင်ပန်းလွန်းလှသည်။ ဘာရယ်မဟုတ် သနားဂရုဏာသက်မိတာမို့ ထိုကလေးနဲ့အရွယ်ညီအောင် ထိုင်ချလိုက်သည်။ထို့နောက် ပေရေနေတဲ့ကလေးရဲ့မျက်နှာကို သူ့လက်လေးနဲ့သုတ်ပေးပြီးနောက် မေးခွန်းထုတ်လိုက်မိသည်။

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now