⟨ Unicode Version ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင်း ၁၉
**********" မိဘုရားမယ်မယ် သက်သာလာပါပြီ ကိုကို "
ဂျောင်ကုစကားကြောင့် သောက်လက်စအကြမ်းရေခွက်ကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် မချိပြုံးလေးပြုံးကာ ဂျောင်ကုကိုကြည့်လိုက်သည်။
" အဲ့ဒီ့တော့ ငါက ဂုဏ်ပြုလက်ဆောင်လေးဆက်သရမယ်မဟုတ်လား "
" ကိုကို ကိုယ်တိုင် သွားသင့်တယ်လို့ထင်တယ် "
အကြံပေးသလိုပြောလာတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းခေါင်းညိတ်လိုက်သည်။
" သွားမယ် ... ဒါပေမဲ့ ... မင်းကိုအကူညီတောင်းစရာရှိတယ် ဂျောင်ကု "
" ဘာများလဲကိုကို "
" မိဘုရားမယ်မယ်ကို လက်ဆောင်လေးတစ်ခုပေးချင်တယ် ... ဒါပေမဲ့ အဲ့ဟာက ဝန်နန်တောင်ထိပ်က ဘုရားကျောင်းမှာ ရှိနေတယ် ... ကိုယ်ဝန်ဆောင်တွေအတွက် ကံကောင်းစေတဲ့အဆောင်လေးလေ ... ငါကိုယ်တိုင်သွားယူချင်ပေမယ့် ဒီတလော ငါနန်းပြင်မထွက်သင့်ဘူးဆိုတာ မင်းအသိပဲလေ "
အတည်တကျပြောမိတော့ ဂျောင်ကုက အလေးအနက်စဉ်းစားသည်။
" ဒါဖြင့်ရင် ကျွန်တော်က သွားယူပေးမယ် ကိုကို "
" အင်း ... ဝန်နန်တောင်ရောက်ဖို့ နှစ်ရက်လောက်ကြာတယ် ... မင်းတစ်ယောက်တည်းမလွှတ်ချင်ဘူး ရဲမက်ကင်ကိုခေါ်သွားပါ "
ချထားတဲ့အကြမ်းရည်ခွက်ကိုပြန်ကိုင်ကာပြောမိတော့ ဂျောင်ကုမျက်မှောင်ကြုတ်သွားသည်။
" ကင်ဆော့ဂျင်~~ သူ့နဲ့မှ သွားရမှာလား ... "
" ဒါမှမဟုတ် ငါ ရဲမက်ဟွမ်နဲ့ကင်ဆော့ဂျင်ကို နှစ်ယောက်တည်း လွှတ်လိုက်ရမလား "
ခြိမ်းခြောက်သလို မေးမိတော့ အငယ်လေးက ဖြတ်ကနဲ့ စူးရဲစွာကြည့်လာသည်။ အကြည့်ချင်းဆုံမိတော့ အငယ်လေးရဲ့လတ်တလောအနာဂတ်ကိုမြင်မိသည်။ စိုးရိမ်စရာအနေအထားတော့မဟုတ်။ သဘောကျစရာအနေအထားပါပဲ။ အဲ့ဒါကြောင့် ထယ်ယောင်း စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။
YOU ARE READING
THE IMMORTAL; BLUE BlOOD【Completed】
Fantasy【 COMPLETED 】 THE IMMORTAL ; BLUE BLOOD ༆ My Very First Historical Book ༆ This is not Translation ༆ Just my imagination ༆ Volume 02→ Blue Blood ༆ Volume 01 + 03 → Oh! my Master ''~귀족의 혈통~'' ⟨ Unicode Version ⟩ THE IMMORTALဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှ...