⟨ Unicode Version ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင်း ၁၆
************
မျက်ဝန်းတွေ ဖွင့်လိုက်တာနဲ့ နာကျင်မှုတစ်ချို့ကို သူ ခံစားလိုက်ရသည်။ အဲ့ဒီလိုပဲ ညောင်စောင်းရဲ့ခြေရင်းမှာရှိနေတဲ့ လူတစ်ယောက်ကို သူကြည့်လိုက်သည်။" ငါ အိပ်နေတာ ဘယ်နှရက်ကြာပြီလဲ "
" သုံးရက်ပါသခင် "
" သုံးရက် ? "
သူ တိုးတိုးလေးရွတ်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ယောင်းတော့ သူ့ကို ထပ်ပြီး စိတ်ဆိုးနေဦးမှာပဲ ... ဒါပေမဲ့လဲ ယောင်းဆီနေ့တိုင်းသွားရင် သူ့ရဲ့နာကျင်မှုကကြီးမားလာပြီး သူ့အင်အားတွေပိုလျော့ကုန်မှာ ဖြစ်သည်။ အဲ့ဒီလိုပဲ သူ့လောက်မဟုတ်ပေမယ့် ယောင်းကတော့ အနည်းနဲ့အများ နာကျင်နေမှာ။
" ဒီအတောအတွင်း ဘာဖြစ်သေးလဲ ... "
" ပြသနာကြီးကြီးတက်နေပါတယ်သခင် အရင်ဦးဆုံး စိတ်လျော့ဖို့ ကျွန်တော်မျိုးအသိပေးပါတယ် "
ထိုစကားအဆုံး သူ ဟိုလီလို့ခေါ်တဲ့ အသွင်ပြောင်းနတ်ဆိုးကို ကြည့်လိုက်မိသည်။
" သခင်လေးဟွာ ... ကင်ထယ်ယောင်း ... မိဘုရားမယ်မယ်ကို အဆိပ်ခတ်လုပ်ကြံမှုနဲ့ အကျဉ်းကျနေပါတယ် "
" ဘာ!!!! "
ကြားကြားချင်း အစိုးရိမ်လွန်ကာ မတ်တပ်ရပ်မိတော့ ဟိုလီက သူ့ကို စိတ်လျော့ဆိုတဲ့ အရှေ့ကနေကာသည်။
" သခင် !! ဆုံးအောင်နားထောင်ပါဦး "
" အကျဉ်းကျတယ်!!! ယွန်းဂီကရော ... အဲ ... အစ်ကိုတော်ကရော ဒါကို ဒီအတိုင်းခွင့်ပြုထားတာလား ... အစ်ကိုတော်ကလေ ... နည်းနည်းလေးတောင်မတားဘူးလား "
" ထယ်ယောင်းကို ကာကွယ်ဖို့ အတတ်နိုင်ဆုံးကြိုးစားထားပါတယ် သက်သေတွေက လုံးဝပြည့်စုံနေတာမို့ အကျဉ်းချပြီး ဟန်ပြသက်သက် အဆောင်ယောင်သိမ်းစစ်ဆေးရေးလုပ်နေပေမယ့် ... "
YOU ARE READING
THE IMMORTAL; BLUE BlOOD【Completed】
Fantasi【 COMPLETED 】 THE IMMORTAL ; BLUE BLOOD ༆ My Very First Historical Book ༆ This is not Translation ༆ Just my imagination ༆ Volume 02→ Blue Blood ༆ Volume 01 + 03 → Oh! my Master ''~귀족의 혈통~'' ⟨ Unicode Version ⟩ THE IMMORTALဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှ...