အပိုင်း - ၂၀/ အပိုင္း - ၂၀

987 194 41
                                    

⟨ Unicode Version ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင်း ၂၀
**********

အသိဝင်လာတာနဲ့ မျက်ဝန်းတွေကို ဖြတ်ကနဲ့ဖွင့်လိုက်သည်။ မရင်းနှီးတဲ့ထုတ်တန်းကို မြင်လေလျှင် သူ ကုန်းရုန်းထမိသည်။

" ကင်ဆော့ဂျင်!! "

နောက်ဆုံးအာရုံထဲမှာ စွဲထင်နေတဲ့အကြောင်းအရာကြောင့် လိုက်ရှာဖို့ရန်အတွက် ချက်ချင်းထမိတော့ ခြေကျင်းဝတ်ဆီက မြက်ကနဲ့။  သို့ပေမယ့် ဂရုမစိုက်နိုင်ဘဲ တံခါးဝဆီသာ ဦးတည်သွားမိသည်။ အဲ့ဒီ့အချိန်မှာပဲ တံခါးဝကနေ ဝင်လာတဲ့ ပုံရိပ်တစ်ခုကြောင့် သူ့ခြေလှမ်းတွေ နှစ်ဆမြန်သွားရသည်။

" ကင်ဆော့ဂျင်!!! "

ရုတ်တရက် ပြေးဝင်ဖက်တဲ့ဂျောင်ကုကြောင့် ဆော့ဂျင်မျက်ဝန်းတွေ ပြူးသွားရသည်။

" သ.. သခင်လေးဂျွန် !! "

ဖယ်စေချင်လိုတာမို့ ခေါ်မိတော့ လက်သန်သန်တွေက ဆော့ဂျင်ကျောပြင်ကို ပိုသွယ်ယှက်လာသည်။ ဘာဆက်လုပ်ရမယ်မှန်းမသိတဲ့အခြေအနေမှာ ပြန်လည်ပွေ့ဖက်ဖို့ ကြိုးစားမိတော့ သူ့ရင်ခွင်ထဲကနေထွက်ကာ သူ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လာပြန်သည်။

" ဘယ်တွေသွားနေတာလဲ !! တစ်ခုခုဆို ပျောက်,ပျောက်သွားတယ် !! ကျွန်တော် ဘယ်လောက်ထိ စိုးရိမ်ရလဲ ခင်ဗျားသိလား !! ခင်ဗျားတစ်ခုခုဖြစ်လို့မရဘူးဆိုတာ ခင်ဗျားနားမလည်ဘူးလား "

ထုံးစံအတိုင်း မျက်မှောင်ကြုတ်ပြီး အော်ပြန်တာမို့ ဆော့ဂျင်ခေါင်းငုံ့ကာ တောင်းပန်မိပြန်သည်။ ရာထူးကြီးသူမို့ ဒီလိုတောင်းပန်တာကလွဲ သူလုပ်နိုင်တာ ဘာမှမရှိပါ။

" တောင်းပန်ပါတယ် သခင်လေးဂျွန် နောင်မဖြစ်စေရပါဘူး "

သူတောင်းပန်တော့ သူ့ပခုံးပေါ်က ဂျောင်ကုလက်တွေ ပြေလျော့သွားသည်။ ထို့နောက် ဘာတစ်ခွန်းမှ မပြောဘဲ ခြေထောက်ထော့နဲ့လေးနဲ့ ခုနနေရာမှာ သွားပြန်ထိုင်တော့ ဆော့ဂျင် လိုက်ရပြန်သည်။

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now