⟨ Unicode Version ⟩
【 BEHIND THE SCENE OF BLUE BLOOD 】
📌 အမြွှာမွေးရင်သတ်စေလို့ အမိန့်ထုတ်ပြန်ခဲ့တာ မင်ယွန်ဂီရဲ့ဖခမည်းတော်ရဲ့ဆန္ဒမဟုတ်ပါဘူး။ အမတ်ချုပ်ကြီးလီရဲ့ခြယ်လှယ်မှုကြောင့် ဖြစ်လာတာပါ ။
📌 အမြွှာမွေးရင် သွေးချောင်းစီးမယ်ဆိုတဲ့နမိတ်စကားမှာ သွေးချောင်းစီးမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အမြွှာမွေးလို့မဟုတ်ပါဘူး။ အမတ်ချုပ်ကြီးလီက သူ့ကံကြမ္မာကို သူဖတ်ကြည့်တဲ့အခါ အမြွှာမွေးရင် မွေးလာတဲ့အမြွှာက သူ့ကို သတ်ပစ်နိုင်တယ်ဆိုတဲ့အတွက် ဘုရင်ကို ဖိအားပေးပြီး ပြောင်းလဲပစ်ခဲ့တာပါ။ တကယ်လည်း ပုန်ကန်မှုကြောင့် သွေးချောင်းစီးပြီ အမတ်ချုပ်ကြီးလီကိုလည်း အမြွှာဖြစ်တဲ့ဆော့ဂျင်က သတ်နိုင်ခဲ့ပါတယ်။
📌 ထယ်ယောင်းက အမတ်ချုပ်ကြီးလီနဲ့ပူးပေါင်းဖို့ သဘောတူခဲ့တာက အမတ်ချုပ်ကြီးလီ အသက်ဆိုးမရှည်တော့ဘူးဆိုတာ သိလို့ပါ
📌 မဟာကင်မျိုးနွယ်တွေရဲ့ စောင့်ရှောက်သူ ခုနှစ်ပါးက ကင်ဆော့ဂျင်၊ ဂျောင်ဟိုဆော့၊ ပက်ဂျီမင်၊ ချွဲယွန်းဂျွန်း၊ ချွဲဆူဘင်း၊ ကင်ထယ်ဟွန်း၊ ကင်ထယ်ယောင်း။ အဲ့ထဲမှာမှ ဆော့ဂျင်ကအကြီးအကဲဖြစ်ပြီး ထယ်ယောင်းက ကောင်းကင်မင်းကြီးကိုဆင့်ခေါ်နိုင်တဲ့အမြုတေနဲ့မွေးဖွားလာတာပါ။
📌 မဟာကင်မျိုးနွယ်ရဲ့နယ်မြေမှာ ဂျောင်ကုမြင်ခဲ့တဲ့ အိပ်ပျော်နေတဲ့နဂါးဆိုတာ ထယ်ယောင်းရဲ့ပုံရိပ်အစစ်ပါ( OMM ဖတ်တဲ့သူတွေကသိပေမယ့် မဖတ်တဲ့သူတွေက စဉ်းစားနေကြမှာစိုးလို့ပါ)
📌ထယ်ယောင်း ဒုတိယမြင်ခဲ့တဲ့ ဂျောင်ကုရဲ့အနာဂတ်က ဇာတ်သိမ်းမှာပါတဲ့ ဆော့ဂျင်ကို ကာကွယ်ပေးခဲ့တဲ့ပုံပါ။
📌 အပိုင်း 19မှာ ဆော့ဂျင်ကို ထယ်ယောင်းပြောခဲ့တာက ဂျောင်ကုကိုဖွင့်ပြောလာအောင်လုပ်ဖို့ပါ။ ဆော့ဂျင်က ကျောက်စိမ်းပြားကိုမြင်ကတည်းက ဂျောင်ကုမှန်းသိပါတယ်။ ဒါပေမဲ့ ဂျောင်ကုက သူ့ကိုမေ့သွားတာလို့ထင်နေခဲ့တာပါ။
YOU ARE READING
THE IMMORTAL; BLUE BlOOD【Completed】
Fantasy【 COMPLETED 】 THE IMMORTAL ; BLUE BLOOD ༆ My Very First Historical Book ༆ This is not Translation ༆ Just my imagination ༆ Volume 02→ Blue Blood ༆ Volume 01 + 03 → Oh! my Master ''~귀족의 혈통~'' ⟨ Unicode Version ⟩ THE IMMORTALဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှ...