⟨ Unicode Version ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင်း ၁၀
***********
" ပဝါကိုဝတ်လိုက်ပါယောင်း မင်းဆံပင်တွေနဲ့အဝတ်အစားတွေက မမလေးတစ်ယောက်နဲ့တူပြီးသားမို့ ခြုံပဝါတစ်ခုထပ်ပေးမယ် "
ပြောရုံတင်မက မျက်နှာအနားကိုကပ်ကာ ကိုယ်တိုင်ပဝါဝတ်ပေးလေတော့ ထယ်ယောင်း ဂီ့ရဲ့လက်တွေကို ဆုပ်ကိုင်လိုက်သည်။
" ခင်ဗျားဘယ်လိုဖြစ်နေတာလဲ ... ကျွန်တော် မဝတ်ချင်ဘူးလို့ပြောနေတယ်လေ ... "
မျက်မှောင်ကြုတ်ကာ သူပြောမိတော့ ဂီ့နှုတ်ခမ်းက ဖြတ်ကနဲ့ သူ့နှုတ်ခမ်းထက်ရောက်လာသည်။ ရင်ခုန်လွန်းသည်မို့ ရှက်ရှက်နဲ့ကိုယ်ကိုအနောက်ဆုတ်မိတော့ ဂီကသူ့လက်တွေကို ပြန်ဆွဲယူပြီးရင်ခွင်ထဲသိမ်းပိုက်ကာ သူ့ခါးကိုလာဖက်ပြန်သည်။
" ဘာလုပ်တာလဲဗျ … ခင်ဗျားရောက်နေတာ ဟန်ယန်းမြို့ရဲ့တည်းခိုဆောင်နော်!! လူသူမရှိတဲ့တောထဲမှာမဟုတ်ဘူး "
ရင်ခုန်နှုန်းတွေက ကြောက်ဖို့ကောင်းနေသည်မို့အကြည့်လွှဲကာ ထယ်ယောင်းပြောမိတော့ ဂီက သူ့မျက်နှာကို ဆွဲကိုင်မော့ယူသည်။
" မင်းသာ ပဝါပါးလေးမခံထားရင် ကိုယ်တို့သွားမယ့်လမ်းတစ်လျှောက်လုံးကလူတွေ မင်းရဲ့နှုတ်ခမ်းကို ခုနကလိုမျိုး နမ်းချင်နေကြလိမ့်မယ်… အဲ့ဒါကြောင့် ကိုယ့်စကားနားထောင်ပါ ကြင်ယာတော်လေး "
ဂီ့စကားကြောင့် ရှက်စိတ်တိုးလာလေလျှင် ဂီ့ရင်ခွင်ထဲကနေရုန်းထွက်မိသည်။
" ခင်ဗျားကြီး ကျွန်တော်နဲ့နီးနီးကပ်ကပ်သိပ်မနေပါနဲ့ ... ဒီ့ထက်ခံစားချက်တွေတိုးလာလို့မရဘူးဆိုတာ သိသိချည်းနဲ့ ... နန်းတော်ထဲရောက်မှ ကျွန်တော်လွမ်းရအောင်လို့မလုပ်ချင်စမ်းပါနဲ့ဗျာ "
ချစ်စရာကောင်းအောင်ပြောလိုက်မိတဲ့သူ့ကြောင့် ဂီက ဖွဖွလေးရယ်ကာ မျက်နှာထက်မှာ ပဝါပါးလေးကို ဝတ်ဆင်စေသည်။
" နန်းတော်ထဲရောက်ရင် ကိုယ် မင်းကို နေ့တိုင်းလာတွေ့မှာပါ ယောင်း ... မင်းလွမ်းစရာမလိုတော့ပါဘူး "
YOU ARE READING
THE IMMORTAL; BLUE BlOOD【Completed】
Fantasy【 COMPLETED 】 THE IMMORTAL ; BLUE BLOOD ༆ My Very First Historical Book ༆ This is not Translation ༆ Just my imagination ༆ Volume 02→ Blue Blood ༆ Volume 01 + 03 → Oh! my Master ''~귀족의 혈통~'' ⟨ Unicode Version ⟩ THE IMMORTALဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှ...