အပိုင်း - ၀၁ / အပိုင္း - ၀၁

5.2K 347 10
                                    

{ Unicode }

အပိုင်း ၁


  အီဒယ်ပြည်ထောင်စု ဒယ်ချောင်းဘုရင် အုပ်စိုးစဉ်ကာလ...။
တောတောင်ရေမြေသဘာဝအနေအထားက ရာသီဥတုနဲ့မျှတမှူရှိပြီး တိုင်းရေးပြည်ရေးငြိမ်သက်မှုမရှိ။ မင်းသုံးဆက်တိတိ အမတ်ချုပ်ကြီးဖြစ်လာခဲ့သော လီအိမ်တော်မှ ဆွေမျိုးများက နန်းတော်ကို ခြယ်လှယ်လျက်ရှိပြီး အရှေ့ဘက် ဒယ်ဗြောင်အုပ်စု ၊ အနောက်ဘက် ဟိုမြောင်အုပ်စု ဟူပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲနေသောအချိန်လည်းဖြစ်သည်။ နာမကျန်းဖြစ်နေသော ဒယ်ချောင်းဘုရင်က မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်စိုးစံခဲ့ပါသော်လဲ မင်းခြောက်ဆက်မြောက်ကျိန်စာသင့်နေသည်ဟု ကောလဟာလထွက်ရှိကာ ကျိန်စာသင့်နေသော ဝိညာဉ်ပုလဲအား အင်အားကြီးအုပ်စုမှ အပြိုင်အဆိုင်ရှာဖွေနေကြသောကာလလဲဖြစ်သည်။

ဒယ်ချောင်းဘုရင်၏ အပေါ်ခြောက်ဆက်မြောက်
ဘိုးဘေးသည် မဟာကင်မျိုးနွယ်မှ နတ်ပုလဲအား ရွှေမြို့တော်ရေလျှံမှုကို တားဆီးဖို့ရန်အတွက် ခေတ္တခဏတာ သယ်ဆောင်ငှားယူခဲ့ပြီး ထို နတ်ပုလဲအား ပြန်လည်မပေးအပ်ခဲ့သည့်အတွက်ကြောင့် မြင့်မြတ်သော မဟာကင်မျိုးနွယ်မှ အစီအမံများသည် ထိုမင်းဆက်မှစ၍ ခုနှစ်ဆက်တိုင်တိုင် ကျိန်စာသင့်သည်။ ယခုခြောက်ဆက်မြောက်ဘုရင် ဒယ်ချောင်းသည်လဲ မင်းကျင့်တရားဆယ်ပါးနှင့်အညီအုပ်ချုပ်ခဲ့သော်လဲ ထိုကျိန်စာများကြောင့် လူယုံတော်၏ အဆိပ်ခတ်ခံရကာ နတ်ရွာလားတော့မည့် အခြေအနေရှိသည်ဟုလဲ ကောလဟာလ ပျံ့နှံ့သောကာလလဲဖြစ်သည်။

" မဟာကင်မျိုးနွယ်က နတ်ပုလဲကို ယူပြီး ပြန်မပေးမိလို့ ငါတို့တိုင်းပြည် မင်းကြီးက ကျိန်စာသင့်နေတာကွ မင်းတစ်ဆက်တည်း မဟုတ်ဘူး ခုနှစ်ဆက်တိတိဖြစ်မှာ ခုနှစ်ဆက်တိတိမှာမှ မြင့်မြတ်တဲ့သွေးနှစ်ခု မပေါင်းစည်းနိုင်ရင် ငါတို့ တစ်ပြည်လုံးပျက်စီးမှာ လက်ရှိ ဘုရင်ဒယ်ချောင်းက ခြောက်ဆက်မြောက်ပဲ... "

" မိဘုရားခေါင်ကြီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့... ဒီနှစ်မှာ မင်းမျိုးမင်းနွယ်က အမြွှာမွေးလာရင် သွေးချောင်းစီးမယ်လို့ ဟောကိန်းရှိတယ် မိဘုရားခေါင်ကြီးအပြင် အမတ်ချုပ်ကြီးရဲ့တူမ အင်ဂွန်းမင်းသားရဲ့ကြင်ယာတော်ကလဲ ကိုယ်ဝန်အရင့်အမာကြီးနဲ့... "

THE IMMORTAL; BLUE BlOOD【Completed】Where stories live. Discover now