Chapter 1130 [Unicode]

2.2K 427 6
                                    

Chapter 1130: ရပါတယ် ဒါ ကျွန်မရဲ့ အလုပ်ပဲလေ

နဥ်ရှုက စိတ်အနှောင့်အယှက်ဖြစ်သောလေသံဖြင့် ပြောလိုက်၏။

“ဘာလို့ လှုပ်နေတာလဲ၊ ဆေးထည့်မှတော့ နည်းနည်းတော့ နာမှာပေါ့”

လက်ရှိတွင် နဥ်ရှုက နှာခေါင်းစည်းတပ်ထား၍ သည်ကြမ်းတမ်းသည့် သူနာပြုက သူ့ဇနီးမှန်း သူမပြောနိုင်ပေ။ သည်သူနာပြု၏ စိတ်သဘောထားက အလွန်ဆိုးပြီး သူ့ဒဏ်ရာပေါ် အတင်းဖိနေသည်ဟုသာ သူခံစားရသည်။ ဆေးထဲ အရက်ပြန်ပါ ထည့်ထားထား၍ သူ့ဒဏ်ရာကို ဆုတ်ဖြဲနေသလို ခံစားရပြီး အရမ်းကို နာလေသည်။

“ယန့်ချုံး နည်းနည်းလောက်သည်းခံလိုက်ပါ ဟုတ်ပြီလား”

ဖန်းဖေးဖေး ကျူ့ယန့်ချုံးကို  ချော့မော့ပြီးနောက် နဥ်ရှုကို ယဥ်ကျေးစွာ ပြောလာသည်။

“သူနာပြုမိန်းကလေး ကျွန်မ သူ့ကို လိမ်းပေးလို့ ရမလား?”

နဥ်ရှု၏ အသံက နှာခေါင်းစည်းအောက်မှ မသဲမကွဲ ထွက်ပေါ်လာသည်။

“ရပါတယ် ဒါ ကျွန်မရဲ့အလုပ်ပဲလေ”

ဖန်းဖေးဖေးက သူမဆီမှ ပစ္စည်းကို ဆတ်ခနဲ မလုယူနိုင်သောကြောင့် ဘေးဘက်မှ ကြည့်နေရုံသာ တတ်နိုင်လေသည်။ နဥ်ရှု   တစ်ခြားဝါဂွမ်းလုံးကို ဆေးထဲသို့နှစ်လိုက်ပြီး ကျူ့ယန့်ချုံး၏ မျက်နှာပေါ်သို့ လိမ်းပေးနေသည်။ သူမ၏လက်များက အစောတုန်းကလို ကြမ်းတမ်းနေဆဲဖြစ်၍ ကျူ့ယန့်ချုံး နာကျင်မှုကြောင့် အသက်ကို ပြင်းပြင်းရှူနေရသည်။ နောက်ဆုံးတွင် သူ သည်းမခံနိုင်တော့၍ နဥ်ရှုလက်မှ ဝေးရာကို ရှောင်တိမ်းတော့သည်။

“ဘာလို့  ရှောင်နေတာလဲ?”

နဥ်ရှုအသံက ဒေါသထွက်နေသည့်အသံပေါက်နေသည်။

ဒီလိုသူနာပြုမျိုးနှင့် ဆုံရသည်မှာ တစ်ဘဝလုံးစာ၏ မကောင်းမှုအကုသိုလ်များ စုပုံလာသည်ဟုပင် ကျူ့ယန့်ချုံး ခံစားမိလာသည်။ သူမက လုံးဝကို နူးညံ့ညင်သာမှု မရှိပေ။

“ဖေးဖေး အရင်ပြန်နှင့်တော့၊ အပြင်မှာ မှောင်တော့မယ်”

ကျူ့ယန့်ချုံးက ဒီလိုဝမ်းနည်းဖွယ်ရာအခြေအနေမျိုးဖြစ်နေသောသူ့ကို ဖန်းဖေးဖေးအား မမြင်စေချင်။

Realm 18: ကလေးသတို့သမီးNơi câu chuyện tồn tại. Hãy khám phá bây giờ