Chapter 1150: စနစ်သစ်ပညာရေးကို လက်ခံသော တစ်စုံတစ်ယောက်
မျှော်လင်ထားသလိုပင် လူတိုင်းက ပြောင်းလဲသွားသည်။ အတိတ်တုန်းက ကျူ့စုနျန်က သည်လိုမဟုတ်ပေ။ ကျူ့မိသားစု ပြိုလဲသွားခြင်းက သူမကို တကယ်ပြောင်းလဲသွားစေသည်။
“စုနျန် ကိုယ် မင်းကို ပိုက်ဆံတောင်းဖို့ပဲ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး၊ ကိုယ့်ကို ဘာမှမပြောဘဲ ကလေးနဲ့ ထွက်လာလို့ ကိုယ် စိတ်ပူသွားတာ၊ မင်း တစ်ခုခုများ ဖြစ်သွားမလားဆိုပြီး” ကျူ့ယန့်ချုံးအသံတွင် စိုးရိပ်မှုတို့က ကပ်ပါနေသည်။
နဉ်ရှုမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်က ချက်ချင်း ဖြစ်တည်လာသည်။ “ကျွန်မက ရှင် ဒီလာပြီး ပိုက်ဆံထပ်တောင်းပြန်ပြီလို့ ထင်လိုက်တာ၊ လစာထုတ်တာနဲ့ ရှင့်ကို ပေးမယ်၊ ဟုတ်ပြီလား၊ ရက်နည်းနည်းလောက် သည်းခံလိုက်ဦး”
ဘေးပတ်လည်က လူများ၏ အထင်သေးစက်စုပ်သောအကြည့်များကို ကျူ့ယန့်ချုံး ခံစားမိလိုက်သည်။ “စုနျန် ကိုယ် အတန်းရှိသေးလို့ မနက်ဖြန်မှ လာတော့မယ်”
ကျူ့ယန့်ချုံး အမြန် ထွက်သွားတော့သည်။ သူ့နောက်ကျောကြည့်ရတာတော့ အတော်လေး ရှက်သွားသည့်ပုံပင်။
“သူနာပြုစု အဲ့ဒါ ရှင့်ယောက်ျားလား” အသက်လေးဆယ်အရွယ်သူနာပြုခေါင်းဆောင်က နဉ်ရှုကို မေးလာသည်။ “သူ့ကြည့်ရတာ အတော်လေး ဖြောင့်မတ်တဲ့ပုံပါ၊ သူ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ”
နဉ်ရှုက အပြုံးလေးနှင့် ပြောလိုက်၏။ “သူက စနစ်သစ်ပညာရေးကို သင်ယူနေတာလေ၊ အချစ်ဆိုတာ လွတ်လပ်ရမယ်၊ မြေရှင်ပဒေသရာဇ်ခေတ်က စီစဉ်တဲ့ လက်ထပ်ထိန်းမြားမှုကို ဆန့်ကျင်ကန့်ကွက်ရမယ်ဆိုတာတွေကို လက်ကိုင်ထားတာ၊အဲ့တော့ သူ ကျွန်မကို လက်မခံနိုင်ဘူးလေ” စနစ်သစ်ပညာရေးက ဇနီးမယားတွေနဲ့ ကလေးတွေကို စွန့်ပစ်ရမယ်လို့ လူတွေကို သင်ထားတာလား?
“ဒီလိုလူက ဘာမှကောင်းတာ မရှိဘူး” သူနာပြုခေါင်းဆောင်က ပြောလိုက်၏။ “ဒါပေမဲ့ မင်းက တရားဝင်ဇနီးလေ၊ အဲ့လိုမြေခွေးမမျိုးက ဘယ်တော့မှ တရားဝင်ဇနီးဖြစ်လာမှာ မဟုတ်ဘူး”
နဉ်ရှု ဘာမှမပြောခဲ့။ သူနာပြုခေါင်းဆောင် ပြောတဲ့ပုံအရ သူမကပဲ သည်အိမ်ထောင်ရေးကို အဖတ်ဆယ်ချင်နေသလိုလို။ နဉ်ရှုက သည်လိုလုပ်ဖို့ ဆန္ဒမရှိချေ။ သူမက ဘာလို့ အဖတ်ဆယ်ဖို့ ကြိုးစားရမှာလဲ။ ပြီးတော့ သူမ အဖတ်ဆယ်နိုင်လိမ့်မယ်လို့လည်း အာမခံနိုင်ချေ။
ကျူ့ယန့်ချုံးမရှိသည့်အချိန်အတွင်းတွင် သူမနှင့် ကလေးတို့သည် အရမ်း အရမ်းကို ကောင်းကောင်းနေနေရသည်လေ။ သူမ ကြီးမြတ်လှသော သခင်ငယ်လေးကို ခစားစရာမလိုသလို သူ စကားနဲ့ အနိုင်ကျင့်တာကိုလည်း နားထောင်စရာ မလိုချေ။
မည်သူမဆို ကောင်းမွန်သောဘဝတွင် နေထိုင်နိုင်သည်။ ယောက်ျားမရှိသော မိန်းမတစ်ယောက်ဖြစ်နေလျှင်တောင် သူမ ကောင်းမွန်သောဘဝတွင် နေထိုင်နိုင်သည်။ အထီးကျန်လွန်း၍ တစ်စုံတစ်ယောက်ကို အားကိုးရန် တွေးမိကောင်းတွေးမိနိုင်သည်။ သို့သော် ကျူ့ယန့်ချုံးကဲ့သို့သော ယောက်ျားကတော့ လုံးဝ အားကိုး၍ရမည်မဟုတ်။ ဆန့်ကျင်ဘက်အနေဖြင့် သူက မင်းရိုးတွင်းခြင်ဆီပါ စုပ်သွားလိမ့်ဦးမည်။ ကျူ့စုနျန်၏ အခက်အခဲနှင့် ဒုက္ခများကို ကျူ့ယန့်ချုံး ဘယ်တုန်းကမှ မျှဝေမခံစားခဲ့ဖူးချေ။ သူသာ တစ်စုံတစ်ယောက်၏ အခက်အခဲနှင့် ဒုက္ခတို့ကို မျှဝေလျှင် ဖန်းဖေးဖေး၏ ဆင်းရဲဒုက္ခတို့ကိုသာ မျှဝေခံစားပေးလိမ့်မည်။
သူက ကျူ့စုနျန်ကို အဆင့်အတန်းတူ လူအဖြစ် ဘယ်တုန်းကမှ မမှတ်ယူခဲ့။ သူက အမြဲတမ်း တစ်သီးတစ်ခြားနေကာ မတူသလို မတန်သလိုသာ ဆက်ဆံသည်။
“ဝမ်းနည်းမနေပါနဲ့၊ ယောက်ျားတွေအားလုံးက ဒီလိုချည်းပဲ၊ သူတို့ ငယ်တုန်းတော့ မြင်သမျှပန်းတိုင်းရဲ့ ဆွဲဆောင်မှုကို ခံရတာပဲ၊ သူတို့တွေ အသက်ကြီးလာတော့ မိသားစုဆီ ပြန်လာတာပါပဲ” သူနာပြုခေါင်းဆောင်က နဉ်ရှုကိုနှစ်သိမ့်လိုက်သည်။
နဉ်ရှု ကျူ့စစ်ယွမ်ကို ကျောင်းမှ သွားကြိုရန် သူနာပြုယူနီဖောင်းကို ချွတ်လိုက်တော့သည်။ သူမကတော့ အသုံးအဖြုန်းကြီးတဲ့သူ အိမ်ပြန်လာမည်ကို စောင့်နေဖို့ ဆန္ဒမရှိပေ။ ဒါ့အပြင် ကျူ့ယန့်ချုံးက အိမ်ပြန်လာဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ သူ ပြန်လာရဲရင် သူမ သူ့ကို ကန်ထုတ်ပစ်မယ်။
အသုံးအဖြုန်းကြီးတဲ့လူက အသုံးအဖြုန်းကြီးတဲ့လူသာသာပဲ။ လူ့သဘာဝကို ပြောင်းလဲတာထက် တောတောင်ရေမြေတွေကို ပြောင်းလဲတာကမှ ပိုလွယ်နေဦးမယ်။
ကျူ့စစ်ယွမ်ကို ကျောင်းကနေ ကြိုပြီးနောက် စတိတ်စားရန် ကျူ့စစ်ယွမ်ကို အနောက်တိုင်း စားသောက်ဆိုင်သို့ ခေါ်လာခဲ့သည်။ ကျူ့ယန့်ချုံးကို ပေးမည့်အစား သူမဘာသာ ပိုက်ဆံအားလုံးကို သုံးပစ်လိုက်မည်။
ESTÁS LEYENDO
Realm 18: ကလေးသတို့သမီး
No FicciónTitle: Quick Transmigration Cannon Fodder's Record of Counterattacks Author: Hen Shi Jiao Qing Realm 18: Child Bride