Chapter 1151: ကိုယ်နဲ့အတူ လာနေလှည့်
သူမ စစ်မြေပြင်သို့သွားသည့်အခါ ကျူ့စစ်ယွမ်ကို ဘယ်လိုလုပ်ရပါ့မလဲ နဉ်ရှုစိတ်ပူလာသည်။ နဉ်ရှု နှုတ်ခမ်းတို့ကို ဖိလိုက်ပြီး ပြောလိုက်တော့သည်။ “စစ်ယွမ် မေမေ စစ်မြေပြင်ကိုသွားရနိုင်တယ်”
ကျူ့စစ်ယွမ် သူ့ခဲတံလေးကို ချလိုက်၍ နဉ်ရှုဆီ လျှောက်လာသည်။ အခုဆို ကျူ့စစ်ယွမ်တောင် အရပ်ပိုရှည်လာပြီ။ အသက်ငါးနှစ်အရွယ်မှာတောင် နဉ်ရှုရင်ဘတ်နား ရောက်လုရောက်ခင်ဖြစ်နေပြီ။ ကျူ့စုနျန်က အရပ်သိပ်မရှည်ပေ။
“မေမေ စစ်ယွမ်ကို ထားသွားမှာ မဟုတ်လား” ကျူ့စစ်ယွမ် နဉ်ရှုကို ကြည့်လိုက်သည်။
နဉ်ရှု သက်ပြင်းချလိုက်၏။ “မေမေ သွားမှရမယ်”
ကျူ့စစ်ယွမ် ခေါင်းကိုနှိမ့်ချလိုက်ပြီး သူ့အသံက ဝမ်းနည်းနေပုံပင်။ “မေမေ စစ်ယွမ်က မေမေနဲ့ မခွဲချင်ဘူး”
နဉ်ရှု ဒီစကားကို စပြောမိတာ နောင်တရလာသည်။ တစ်ချိန်တည်းမှာပဲ သူမ ကျူ့စစ်ယွမ်ကို ထားမသွားဘူးလို့လည်း ကတိမပေးနိုင်ချေ။
ကျူ့စစ်ယွမ်က ရက်အတော်ကြာသည်အထိ မပျော်မရွှင် ဖြစ်နေပြီး နဉ်ရှုကို အာရုံမစိုက်ချေ။ နဉ်ရှုကလည်း ဘာမှမပြော။ သူမ ကျူ့စစ်ယွမ်နှင့် နှစ်အနည်းငယ်လောက် အတူနေပေးနိုင်သေးသည်။
နဉ်ရှု ဆေးရုံမှာ အလုပ်လုပ်သည်ကို ကျူ့ယန့်ချုံး ရှာတွေ့သွားကတည်းက အတန်းမရှိသည့်အချိန်တိုင်း နဉ်ရှုကို ရှာရန် ဆေးရုံသို့ အမြဲလာသည်။ ဆေးရုံတွင် လူအများအပြားရှိသည်မို့ နဉ်ရှုအပေါ် သူ့အပြုအမူများက ကြင်နာသထက်ကြင်နာလာသည်။
ကျူ့ယန့်ချုံးက နှလုံးသားမဲ့သော သစ္စာဖောက်ကောင်ဟူသည့် ဂုဏ်ပုဒ်ကို မရချင်ပါ။ သည်ခေတ်ကာလတွင် ပညာတတ်များသည် နာမည်ဂုဏ်သတင်းကို အရမ်း ဂရုစိုက်ကြ၍ ကျူ့ယန့်ချုံးသည်လည်း ကျူ့မိသားစု၏ ဂုဏ်သတင်းကို ပြန်ထိန်းသိမ်းချင်သေးသည်။
ကျူ့ယန့်ချုံး၏ ရည်ရွယ်ချက်ကား သူ့လက်ရှိအခက်အခဲကို ဖြေရှင်းရန် ကျူ့စုနျန်ဆီမှ ပိုက်ဆံ အလုံအလောက်ရဖို့ပင်။ လက်ရှိကျူ့စုနျန်က ယခင်ကထက် ပိုပါးနပ်လာသည်ဟု သူခံစားရသည်။ ထို့ကြောင့် သူ တိုက်ရိုက်ကြီး ပိုက်ဆံမတောင်းဝံ့ချေ။ ထိုအစား နဉ်ရှုနှင့် ကျူ့စစ်ယွမ်ကို သူနှင့်လာနေစေချင်ကြောင်းသာ ပြောခဲ့သည်။
BẠN ĐANG ĐỌC
Realm 18: ကလေးသတို့သမီး
Phi Hư CấuTitle: Quick Transmigration Cannon Fodder's Record of Counterattacks Author: Hen Shi Jiao Qing Realm 18: Child Bride