Chapter 1149 [Unicode]

682 122 9
                                    

Chapter 1149: မင်းမှာ ငါ့ကို ပြောစရာမရှိဘူးလား

အနှီတောသူမကျူ့စုနျန်က သူနာပြုဖြစ်လာလိမ့်မည်ဟု ကျူ့ယန့်ချုံး ဘယ်တုန်းကမှ မတွေးဖူးခဲ့ချေ။ အိမ်မက်မက်တာထက်တောင် ပိုအိမ်မက်ဆန်နေသေးသည်။ ကျူ့ယန့်ချုံး၏ နှလုံးသားတွင် ထူးဆန်းသော ခံစားချက်များနှင့် ပြည့်နှက်လာသည်။

သူ အမြဲတမ်း အထင်သေးခဲ့သောသူက သူ မသိသောသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားချေသည်။

ကျူ့ယန့်ချုံးက နဥ်ရှုကို လူနာဆောင်တစ်ဆောင်ချင်းစီတွင် လိုက်လံရှာဖွေရင်း နောက်ဆုံး သူမကို တွေ့သွားတော့သည်။ သူမက ဆေးထိုအပ်ကို ကိုင်လျက် ကျွမ်းကျွမ်းကျင်ကျင်နှင့် လူနာတစ်ယောက်ကို ဆေးထိုးပေးနေသည်။ သည်လူက ကျူ့စုနျန် ဟုတ်လား မဟုတ်လား ကျူ့ယန့်ချုံး မသေချာမရေရာဖြစ်လာရသည်။

သူ့မှတ်ဉာဏ်ထဲရှိ ကျူ့စုနျန်မှာ အလုပ်လုပ်ဖို့လောက်သာ သိသောသူ၊ တစ်ခွန်းမှ ်ညည်းညူပဲ ပြောတိုင်းလုပ်သည့်သူသာဖြစ်သည်။ ယခုမူ သူမက အဖြူရောင်သူနာပြုယူနီဖောင်းကို ဝတ်လျက် ဆေးထိုးအပ်တစ်ချောင်းကို ကိုင်ထားလေသည်။  

ကျူ့ယန့်ချုံး လှည့်စားခံလိုက်ရသလို ခံစားလိုက်ရ၏။ ကျူ့စုနျန်က ဒါတွေအားလုံးကို တိတ်တိတ်ကလေး လုပ်ခဲ့သည်ဟု ဆိုလိုခြင်းပဲမလား။ 

သူ အရင်တုန်းက လုယက်ခံရစဥ်က ဒီဆေးရုံတွင် အကြာကြီး တက်ခဲ့ရသည်။ ကျူ့စုနျန် သူ ဒီမှာ ရှိတာကို မသိစရာ အကြောင်းမရှိပေ။ သို့သော် သူမက သူ့ကို မပြောခဲ့သည့်အပြင် သူ့မှာ ရွေးချယ်စရာမရှိဘဲ ဆေးကုသစရိတ်အတွက် ဖန်းဖေးဖေးကို အကူအညီတောင်းရအောင် လုပ်ခဲ့သေးသည်။

ယခုတစ်ဖန် သူမကြောင့်ပင် ဖန်းဖေးဖေးနှင့် သူ လမ်းခွဲတော့မလိုဖြစ်ခဲ့ရသည်။ ကျူ့စုနျန်က တကယ့်ကို အရှုပ်ထုပ်ပင်။

နဥ်ရှုက လူနာကို ဆေးထိုးသွားပြီးတော့ လင်ပန်းကိုကိုင်လျက် လှည့်ထွက်လာရာ မဲမှောင်နေသောအမူအရာနှင့် တံခါးနားတွင် ရပ်နေသော ကျူ့ယန့်ချုံးကို မြင်လိုက်ရသည်။ သူ့ပတ်ပတ်လည်တွင် ရစ်ဝဲနေသော မကျေမချမ်းအရိပ်အယောင်များ ရှိနေပြီး သူ့မျက်နှာမှာလည်း အမျက်ဒေါသတို့ဖြင့် ပြည့်နေလေသည်။

Realm 18: ကလေးသတို့သမီးOù les histoires vivent. Découvrez maintenant