Chapter 1153 [Zawgyi]

268 13 2
                                    

Chapter 1153: ဘော်ဒါကျောင်းသို့ ပို့

ဆေးမှုန့်ကြိတ်နေသော နဉ်ရှုအတွက် ကျူ့စစ်ယွမ် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်၏။ ကောင်ငယ်လေးက နဉ်ရှုအတွက် လက်ဖက်ရည်ငှဲ့ရန် လက်ဖက်ရည်အိုးကို ကိုင်လိုက်သည်။ နဉ်ရှု လန့်သွားပြီး လက်ဖက်ရည်ကြမ်းအိုးကို ကပျာကယာ ယူလိုက်ရသည်။ လက်ဖက်ရည်ကြမ်းအိုးထဲတွင် ရေပူတို့ဖြင့် ပြည့်နေသည်။ ကျူ့စစ်ယွမ် ကိုင်ထားရာကနေ မတော်တဆ လွတ်ကျသွားပါက လက်ဖက်ရည်ကြမ်းအိုးက သေးသော်လည်း ပူနေဆဲဖြစ်ပြီး ဆိုးရွားတာ တစ်ခုခုဖြစ်လာနိုင်သည်။

နဉ်ရှု လက်ဖက်ရည်ကြမ်းအိုးကို စားပွဲပေါ်တင်လိုက်ပြီး ကျူ့စစ်ယွမ်ကို ပြော၏။ “ကျေးဇူး စစ်ယွမ်”

ကျူ့စစ်ယွမ် အမှုန့်ကို ကြည့်ရင်ူ မေးလိုက်၏။ “မေမေ ဒါတွေက လူတွေကို ကယ်တဲ့ဟာတွေလား?”

“ဟုတ်တယ်”

ကျူ့စစ်ယွမ် နဉ်ရှုကို ကြည့်ရင်း ပြောလာသည်။ “မေမေ သားကို ဘော်ဒါကျောင်း ပို့ပေး”

နဉ်ရှု ခဏလောက် အံ့အားသင့်သွား၏။ “ဘာ?”

ကျူ့စစ်ယွမ်က အသံတိုးတိုးလေးဖြင့် ပြောလာသည်။ “စစ်ဆရာဝန်က ဘာလဲလို့ သား ဆရာ့ကို မေးကြည့်ခဲ့တယ်၊ သူပြောတာ စစ်သားတွေကို ကယ်တဲ့သူ၊ ဒဏ်ရာရနေတဲ့သူတွေကို ကူညီတဲ့သူတဲ့၊ သားမေမေက စစ်ဆရာဝန်လို့လည်း ပြောလိုက်ရော ဆရာက မေမေ့ကို အရမ်း လေးစားနေတာ”

“သူ ဘာပြောတာလဲ သား သေချာနားမလည်ဘူး” ကျူ့စစ်ယွမ် နဉ်ရှုကို ကြည့်လိုက်သည်။ “မေမေ စစ်မြေပြင်ကို သွားသင့်တယ်”

နဉ်ရှု ကျူ့စစ်ယွမ်ကို အထူးတဆန်း ကြည့်လိုက်၏။ မကြာသေးခင်ကမှ သူ စိတ်ဓာတ်တွေကျနေသေးသည်။ ဒါပေမဲ့ အခုတော့ ရုတ်တရက်ကြီး တွေးတောတတ်သွားသည်လား။ ဒီလို ကျိုးကြောင်းဆီလျော်တာက သူပုံစံနှင့် လုံးဝ မတူချေ။

“ဘာဖြစ်တာလဲ” နဉ်ရှု ကျူ့စစ်ယွမ်ကို ကြည့်လိုက်၏။ “သားက ရုတ်တရက်ကြီး ရင့်ကျက်လာပါလား?”

ကျူ့စစ်ယွမ်က ပြောလိုက်၏။ “ဆရာကပြောတယ်၊ မေမေ့အလုပ်က နိုင်ငံနဲ့ လူမျိုးအတွက် အကျိုးရှိတယ်တဲ့”

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Aug 18 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Realm 18: ကလေးသတို့သမီးTempat cerita menjadi hidup. Temukan sekarang