Chapter 1134 [Zawgyi]

1.2K 94 3
                                    

Chapter 1134: သူခိုးရှေ့တွင် လိမ်ညာလီဆယ်ခြင်း

နဉ်ရှု တော်တော်လေးကို စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ သူမ ကျူ့ယန့်ချုံးကို တကယ်ပင် အကြိမ်ရာချီ သတ်ချင်လာမိသည်။ 

ဖန်းဖေးဖေးကား အိပ်ရာဘေးတွင် ထိုင်လျက် သူမမျက်ဝန်းများက မျက်ရည်တို့ဖြင့် တလက်လက်ရွှန်းစို တောက်ပနေသည်။ သူမက မခံမရပ်နိုင် စိတ်ဆိုးဒေါသထွက်သည့် အမူအရာဖြင့် မေးလာသည်။

“လောကကြီးထဲက ဘယ်သူကများ ဒီလိုလုပ်တာလဲ၊ အရမ်းလွန်တာပဲ”

ကျူ့ယန့်ချုံး၏ လည်ချောင်းမှာ နာကျင်လွန်းလှ၍ စကားတောင်မပြောနိုင်ချေ။ ထိုလူက သူ့လည်ပင်းကို ခပ်ပြင်းပြင်း ဆုပ်ညှစ်ထားသည်မှာ သူ့လည်ပင်းတောင် ကျိုးတော့မလို ခံစားလိုက်ရသည်။ ယခုအချိန်ထိတောင် သူ ဘယ်သူ့ကို စော်ကားအပြစ်ပြုမိမှန်း မသိပါချေ။ သူ့ကို လုယက်ရုံတင်မက သတ်ပါ သတ်ချင်နေသေးသည်။

ပြန်စဉ်းစားမိလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာသည်။ အနှီလူမှာ သူ့ကို တကယ်ကြီးကို သတ်ချင်နေသည်။ ထိုလူ၏ လူသတ်ချင်နေသော ရည်ရွယ်ချက်ကို သူ ခံစားခဲ့ရသည်။

ကျူ့ယန့်ချုံး စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်နေသည်။ သူ အကြီးအကျယ် ဒဏ်ရာရနေ​သော်လည်း သူ့တွင် ဆေးရုံစရိတ်ပေးစရာ ပိုက်ဆံမရှိချေ။

သူ အိမ်သို့ ကြေးနန်းတစ်စောင်ရိုက်လိုက်သော်လည်း မည်သူကမှ သူ့ကို အကြောင်းမပြန်ကြ။ သူ တစ်ခုခုတော့ ဖြစ်နေပြီဟု ခံစားလာရ၍ အိမ်ခဏပြန်ရန် စီစဉ်နေခဲ့သည်။ သို့သော်လည်း ယခုမူ သူ လှုပ်တောင်မလှုပ်နိုင်အောင် အရိုက်ခံလိုက်ရချေသည်။

သူ အရမ်း မူးဝေလာပြီး ပျို့အန်ချင်သလိုလို မအီမသာဖြစ်လာသည်။ သူ့ရင်ဘတ်ကား လက်သီးချက်ကြောင့် နာနေဆဲ။ ဆရာဝန်ကတော့ အာရုံကြောထိသွားပြီး ခြေထောက်လည်း နည်းနည်း ကျိုးသွားသည်ဟု ပြောလာသည်။

“တစ်ခုခု ပြောဦးလေ၊ ရှင် စောစောတုန်းကအထိ အကောင်းကြီးပါ” ဖန်းဖေးဖေးက သူ့ကို စကားပြောရန် တိုက်တွန်းနေပြီး သူမ၏ မက်မွန်သဏ္ဍာန်မျက်ဝန်းလေးများမှာ စိတ်ဆိုးမာန်ဆိုးဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လာသည်။

Realm 18: ကလေးသတို့သမီးOnde histórias criam vida. Descubra agora