Chapter 1127 [Zawgyi]

1.4K 133 2
                                    

Chapter 1127: ဆရာဝန်ဖြစ်လာရန် လျှောက်ထားခြင်း

နောက်တစ်နေ့မနက်စောစောတွင် နဉ်ရှုသည် အလုပ်လျှောက်ရန် ဆေးရုံသို့သွား၏။ ကလေးကိုလည်း သူမနှင့်အတူ ခေါ်သွားခဲ့သည်။ ထို့ကြောင့် မျှော်လင့်ချက်တော့ သိပ်မထားမိ။

သူမ ဆေးရုံရောက်တော့ သူမ မျှော်လင့်ထားသလိုပင်
သူတို့က မိန်းမငယ်လေးများကို လိုချင်ပြီး သူနာပြုကျောင်းဆင်းဖြစ်လျှင် ပိုကောင်းသည်ဟု သူမကို ပြောလေသည်။ နဉ်ရှုက ကလေးကို ချီထားပြီး ချည်သားအခံအပေါ်ဝတ်အနွေးထည်ကို ဝတ်ဆင်ထားသည်ကို သူတို့ မြင်ရခိုက် သူမနှင့် မသင့်တော်ဟု သူတို့က အလိမ္မာသုံးကာ ပြောလာသည်။

နဉ်ရှု သက်ပြင်းချကာ ပြောလိုက်၏။ “ကျွန်မ သူနာပြုအတတ် နည်းနည်းသိပါတယ်၊ ပြီးတော့ တရုတ်တိုင်းရင်းဆေးပညာကိုလည်း သိတယ်၊ ကျွန်မဘိုးဘေးတွေက နန်းတွင်းသမားတော်တွေ ဖြစ်ခဲ့ကြပေမယ့် မိသားစုကတော့ ကံကြမ္မာအလှည့်အပြောင်းကို ခံစားခဲ့ရတယ်လေ”

နဉ်ရှုက သူမဘာသာ သူမ အရမ်းအင်အားကြီးသော နောက်ခံမိသားစုကို ဖန်တီးပြီး လုံးဝကို ပေါက်ကရတွေလျှောက်ပြောနေခြင်းဖြစ်သည်။

အင်တာဗျူးသူက နဉ်ရှုကို ရိုးရိုးပဲ ကြည့်လိုက်ပြီး အဆုံးမှာတော့ စကားပြောလာသည်။ “အထူးနေရာတစ်နေရာတော့ရှိတယ်၊  အဲ့ဒါက စစ်​ဆရာဝန်နေရာပဲ၊ သူတို့ကို လက်ရှိ သင်တန်းပေးနေတယ်၊ မင်း ကြိုးစားကြည့်ချင်လား”

နဉ်ရှု: →_→

သူမ စစ်ပြေပြင်ကို သွားရမည်လား။ သူမ ကံဆိုးပြီး ကျည်ဆံမှန်ကာ သူမဘဝ အဆုံးသတ်သွားရင် သူမရဲ့ကျူ့စစ်ယွမ်လေးက ဘယ်လိုလုပ်မလဲ။

သူမဘေးနားပတ်လည်ရှိသူများမှာ ဆံပင်များကို ဝက်မြီးသဏ္ဍာန်ချည်ထားသော မိန်းမငယ်လေးများသာဖြစ်သည်ကို နဉ်ရှု မြင်ရသည်။ သူတို့က တကယ့်ကို လှပကာ သူမမှာ ယှဉ်ပြိုင်ရန်ပင် အားမရှိပေ။ နဉ်ရှု တိတ်တိတ်ကလေး ဆုံးဖြတ်ချက်ချလိုက်သည်။ ဖန်းဖေးဖေးက စစ်​သတင်းထောက်ဖြစ်ရာ သူမသာ စစ်​ဆရာဝန်ဖြစ်လာလျှင် သူမတို့ မလွဲမသွေ ဆုံတွေ့ရတော့မည်။

Realm 18: ကလေးသတို့သမီးOnde histórias criam vida. Descubra agora