Chapter 1113: တို့ဟူးပြုလုပ်ခြင်း
နဥ်ရှု တစ်ခြားစတိုးဆိုင်များကို တစ်ချက်သွားကြည့်ရန် ပြင်လိုက်သည်။ ဟိုဟိုသည်သည် လျှောက်ပတ်ကြည့်ပြီးတာတောင် သင့်တော်သောစျေးနှုန်းမရသောကြောင့် ဤစတိုးဆိုင်ကိုပဲ ပြန်လာရသည်။ ပြီးတော့ သည်ဆုတောင်းပုတီးစေ့များကို သူမ တကယ်ကြိုက်သည်။ သူတို့က လူတစ်ယောက်၏နှလုံးသားကို တည်ငြိမ်စေသည်။
ဆိုင်ပိုင်ရှင်က နဥ်ရှု ထွက်သွားတော့မှာကို တွေ့တော့ အံကြိတ်ကာ ပြောလာသည်။ "ကောင်းပြီ၊ ယုံကြည်မှုအမှတ် ၃၅မှတ်ဆိုလည်း ရတယ်"
"ဒါဆို ဆုတောင်းပုတီးစေ့ရောပဲနော်" နဥ်ရှု ပျော်ရွှင်စွာ ပြောလာသည်။
ဆိုင်ပိုင်ရှင်၏ မျက်နှာပေါ်ကကြွက်သားတို့မှာ တုန်ရီသွား၏။ နဥ်ရှု ယုံကြည်မှုအမှတ် ၃၅မှတ်ကို ပေးချေလိုက်သည်။ သူမတွင် ယုံကြည်မှုအမှတ် ၁၄မှတ်ကျန်သေးသည်။ ထင်တဲ့အတိုင်းပဲ အတုတွေရောင်းတဲ့နေရာမှာ ပစ္စည်းတွေက ပိုစျေးချိုလေသည်။
နဥ်ရှု ဆုတောင်းပုတီးစေ့တွေကို ဝတ်လိုက်တော့ သူမနှလုံးသားထဲ ချက်ချင်း အေးချမ်းသွားသည်။ ဒါ့အပြင် ဆုတောင်းပုတီးစေ့တွေက တော်တော်လေးကို လှပပြီး ချောမွတ်ကာ နူးညံ့စွာ တောက်ပနေကြသည်။
ဆိုင်ထဲမှ ထွက်ပြီးနောက် စားသောက်ဆိုင်ထဲသို့သွား စားစရာတစ်ချို့ မှာပြီး သူမအစာအာသီသတို့ကို ဖြည့်ဆည်းလိုက်သည်။
ဒီကိုလာတိုင်း လူတိုင်းက နှစ်ယောက်တစ်အုပ်စု၊ ငါးယောက်တစ်အုပ်စု စသဖြင့် တွေ့ရသော်လည်း နဥ်ရှုကတော့ အမြဲတမ်း တစ်ယောက်တည်းသာ။
သူမတွင် စကားပြောစရာ သူငယ်ချင်းလည်း မရှိပေ။
သူမနှင့်တွေ့တဲ့ တာဝန်ထမ်းဆောင်သူတွေတိုင်းက သူမ၏ ရန်သူတွေလိုပင်။ထားလိုက်တော့၊ သူငယ်ချင်းဆိုတာကို မေ့ထားစမ်းပါ။
နေ့တိုင်းနေ့တိုင်း မြင်းတွေကို လိုက်ဖမ်းနေတာထက် မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးတာက ပိုကောင်းလေသည်။ အနာဂတ်မှာ
မြင်းတွေအများကြီးက မြက်စားဖို့ လာကြလိမ့်မည်လေ။ သူမ ပိုသန်မာလာသည်နှင့်အမျှ သူမနှင့် ဝါသနာတူလူများနှင့် တွေ့ရလိမ့်မည်။
![](https://img.wattpad.com/cover/254110167-288-k11705.jpg)
KAMU SEDANG MEMBACA
Realm 18: ကလေးသတို့သမီး
NonfiksiTitle: Quick Transmigration Cannon Fodder's Record of Counterattacks Author: Hen Shi Jiao Qing Realm 18: Child Bride