♠THREE♠

4.3K 488 17
                                    

Unicode

15.5.2021

မ... ဒီပတ်ပိတ်ရက်... ဘယ်မှာDateကြမလဲ..

Jungkookကဘယ်ကိုသွားချင်လို့လဲ

... ဒီတိုင်း.. ပျော်ပွဲစားလေးထွက်မလားလို့..ဘယ်နေရာဖြစ်ဖြစ်

အင်း.. ဒါဆို သိပ်မဝေးတဲ့နေရာ.. မ.. စီစဥ်လိုက်မယ်..

ချစ်တယ်ဗျာ. အဲ့လိုအလိုလိုက်တာတွေကို.

Jungkookကအလိုလိုက်မှချစ်တာလား

အာ အဲ့လိုတော့မဟုတ်ပေမဲ့ အလိုလိုက်တော့ ပိုချစ်တာပေါ့ဗျာ.

ဟုတ်ပါပြီ..

Jungkookနဲ့အတော်ကြာတဲ့ထိဖုန်းပြောလိုက်ပြီးနောက်... laptop ဖွင့်ကာ အဝေးကြီးသွားစရာမလိုဘဲ စိတ်ပျော်ရွှင်မှုရစေနိုင်တဲ့နေရာလေးအား ရှာရတော့သည်..

ဟိုနေ့ကကိစ္စကိုတော့ သူမ လုံးဝမေ့ထားလိုက်သည်.. သူမနဲ့Jungkookကြား.. ဆူးခလုတ်ဖြစ်နေတာကြောင့်...

Jungkookပျော်ပွဲစားကိုသွားချင်လွန်း၍မဟုတ်... အတော်ကြာတွဲလာတဲ့ အမျိုးသမီးကို အဆက်ဖြတ်တာမရတာကြောင့် ခဏတာရှောင်ထွက်ခြင်းပင်...

မိုးလင်းတာနဲ့. Ji Yoonသေချာပြင်ဆင်ကာ.. အောက်ထပ်သို့ဆင်းလာတော့.. ထမင်းစားခန်း၌ အဖေနဲ့အမေ့ကိုတွေ့သည်... အရင်နေ့ကဖြစ်ထားတဲ့ပြဿနာကြောင့် လေထုကအရင်လိုမဟုတ်ဘဲ တိတ်ဆိတ်လျက်...

သူမဘက်ကအဖေဖြစ်သူအပေါ်လွန်ထားတာမလို့ သူမကဘဲ.

အဖေ နိုးနေပြီလား.. အားလပ်ရက်ကိုအိပ်မယ်ထင်နေတာ.

သူမစကားကိုမကြားသည့်နှယ်... ထထွက်သွားတဲ့အဖေ..

Ji Yoon

Nae..

သမီးသေချာစဥ်းစားပါဦး..

ဘာမှစဥ်းစားစရာမရှိဘူးအမေ.. ဒါသမီးဆုံးဖြတ်ချက် သမီးခံစားချက်.

အမေနားလည်ပါတယ်. ဒါမဲ့ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုပိုဦးစားပေးရမယ်မလား.. ခုလိုကျကော သမီးပျော်လား အဖေနဲ့စကားမပြောရနဲ့ နောက်ပြီး အဲ့ကိစ္စBabyလဲသိသွားပြီ.

" BABY " [Uni & Zaw]Where stories live. Discover now