Unicode
7.7.2021
အိပ်တော့Baby..မအိပ်ချင်သေးပါဘူး..
ခဏကပြောတော့အိပ်ချင်တယ်ဆို...
စကားမများနဲ့ Jeon Jungkook..
များနေတာBabyပါ..
ပေး မင်းလက်မောင်း...
ရော့..
ဒီဘက်တိုးလေ... ငါ့နားကိုမကပ်ရဲဘူးလား
မဟုတ်ပါဘူး.
ဖက်ထားလေ... ဒါတောင်နားမလည်ဘူးလား..
အင်း အင်း အိပ်တော့နော်..
ဒါဘဲလား...
ဟင်ဘာကိုလဲ..
သူ့လက်မောင်းပေါ်အကျအန ခေါင်းအုံးရင်း.. သူ့ရင်ခွင်ထဲမြုပ်နေတဲ့babyမျက်နှာလေးကသူနဲ့နီးကပ်စွာ... ဘာအလိုမကျလို့မှန်းမသိ ပေစောင်းစောင်းနဲ့ကြည့်နေပြန်သည်....
မွ....
ဟင်...
အိပ်ခါနီး အနမ်းပေးရတယ်ဆိုတာ မသိဘူးလား ငတုံး..
Baby
ဘာလဲ.
အိပ်ကြရအောင်.
အင်း.. ငါလဲအိပ်ချင်နေပီ. ဝှါးး..
တချက်သမ်းကာ.... မျက်လုံးလေးတွေမှေးစင်းရင်း အိပ်ပျော်သွားတဲ့သူ.. ဒီတိုင်းလေးပါဘဲ အပူပင်မဲ့အိပ်ပျော်နေတဲ့သူ့ကို အချိန်တန်ကြာ ငေးကြည့်ပီးနောက်မှ သူအိပ်ဖြစ်ခဲ့သည်..
မနက်ကျရင်တော့.. ပြောင်းလဲသွားဦးမှာလား Baby~~~~
နားထဲရောက်လာတဲ့ဆူညံသံကြောင့်... Jiminနိုးလာခဲ့သည်... သည်းခံပြီးဘယ်လိုမှပြန်အိပ်လို့မရတော့တာကြောင့် ငုတ်တုတ်ထထိုင်ဖို့ပြင်တော့မထနိုင်. မျက်လုံးအသာဖွင့်ကြည့်လိုက်တော့.. ရောက်နေတာက. သူရင်းနှီးဖူးတဲ့ရင်ခွင်...
YOU ARE READING
" BABY " [Uni & Zaw]
FanfictionJJK 💫 PJM 🌫️Own Creation🌫️ Start ★11.5.2021★ END ★12.8.2021★