Unicode
22.5.2021
ညစာစားပြီးတဲ့ညကတည်းက သူနဲ့Jungkookနဲ့မတွေ့ဖြစ်... ဆိုပေမဲ့.. ဖုန်းအဆက်သွယ်ကတော့ရှိခဲ့သည်... တော်တန်သင့်ရုံ ရင်းနှီးမှုရရုံမှတပါး ဘာဆိုဘာမှမဖြစ်သေး... သူ့ဘက်ကလဲ အဆင့်တွေမတက်သေး.. အကြောင်းက မမကြောင့်..
ဒီရက်ပိုင်းမမနဲ့Jungkookပြန်အဆင်ပြေနေပြီး မမကလဲပြုံးရွှင်နေတတ်သည်... Jungkook... ဘာကြောင့် မမနဲ့ပြန်အဆက်သွယ်လုပ်လဲဆိုတာ သူစဥ်းစားလို့မရ.. ဘာဘဲဖြစ်နေနေ... တကယ်ချစ်သွားတာတော့ မဖြစ်နိုင်တာမလို့ သူကတော့လုပ်သင့်တာဆက်လုပ်ရမှာပင်...
တွေးနေရင်းJungkookဆီကဖုန်းဝင်လာသည်....
Hello...
....
အင်းတွေ့မယ်လေ စောင့်နေမယ်..
... ညနေဘက်မှာတွေ့ဖို့ချိန်းလာတာကြောင့် သူလက်ခံလိုက်သည်. ခန့်မှန်းတာမမှားဘူးဆို. Jungkookသူ့ကိုရင်ဖွင့်ဖို့သာ... နဂိုအကျင့်နဲ့ဆိုရင် သူများအပူတွေနားထောင်လေ့မရှိပေမဲ့... လိုချင်တာရှိတော့လဲ. နားထောင်ပေးရတာပေါ့..
Jungkook. မင်းဟိုတစ်ယောက်နဲ့ပြန်တွဲနေတာလား
အင်းဟုတ်တယ်
ဘာလို့လဲ... မင်းဘဲအာရုံနောက်တယ်ဆို..
အင်း နောက်တာကနောက်ပေမဲ့..ရှင်းရှင်းပြောရရင် ငွေလိုနေလို့..
အရင်ကတွဲတဲ့ကောင်မလေးကကော
ဖြတ်လိုက်ပြီ ပျင်းလို့..ဒါနဲ့မင်းကော စေ့စပ်ပွဲကဘယ်နေ့လဲ..
လာမဲ့Sunday..
၂ယောက်ကောတွေ့ပြီးကြပြီလား
ဟင့်အင်း ဒီညသွားတွေ့မှာ...
ကံကောင်းပါစေကွာ
မင်းကလဲ
~~
ညနေဘက်မှာတော့ တွေ့နေကြနေရာဖြစ်တဲ့ ဟန်မြစ်မှာ သူတို့၂ယောက်ဆုံသည်..
Jimin....
Jungkook...
အနွေးထည်အပါးလေးဝတ်လာကာ. လည်ပင်းကမာဖလာအသေးလေးက လေတိုက်တိုင်းလွင့်နေသလို Jiminဆံပင်တွေကလဲ လေယူရာသိမ်းနေသည်.. ဘာကြောင့်ရယ်မသိပါဘဲ သူ ငေးကြည့်မိသွားသည်. တကယ်ကိုဘာဖြစ်သွားလဲဆိုတာ သူကိုယ်တိုင်မသိ..
YOU ARE READING
" BABY " [Uni & Zaw]
FanfictionJJK 💫 PJM 🌫️Own Creation🌫️ Start ★11.5.2021★ END ★12.8.2021★