Unicode
24.7.2021
သက်သေနဲ့တကွမလို့ Park Ji yoonတစ်ယောက်ဘယ်လိုမှမရှောင်နိုင်.. Jungkookနဲ့သတင်းတွေလဲ သို့လောသို့လောဖြစ်နေပေမဲ့...သက်သေတွေအကုန်ပြန့်ကုန်ကြောင့်... လူသတ်ကြံစည်မှုသတင်းက ပိုကြီးလာခဲ့သည်...
ဒီနေ့... ပြစ်ဒဏ်ချမှတ်မဲ့နေ့...
ရှောင်လွှဲလို့မရတဲ့အပြစ်လုပ်ထားတာမလို့ မိဘတွေကလဲတားခြင်းမရှိပါ...
လူသတ်ဖို့ကြံစည်ခဲ့ပေမဲ့ မသေတာကြောင့် ထောင်၄နှစ်သာ ကျသွားခဲ့သည်..
အမေ...
Jiyoon ahh... ကျန်းကျန်းမာမာနဲ့ပြန်ထွက်လာရမယ်နော် အမေတို့မကြာမကြာ လာတွေ့မယ်..
ဟင့်အင်း အမြန်ဆုံးထွက်ရအောင်လုပ်ပေးပါ.. ဒီထဲမှာသမီးဘယ်လိုမှနေနိုင်မှာမဟုတ်ဘူး...
အမေတောင်းပန်ပါတယ်.
အမေဟာသူမကို ကျောခိုင်းကာထွက်သွားခဲ့သည်... အဖေဟာဆိုရင်... တရားရုံးကိုတောင်ရောက်မခဲ့ပါ.. သူမအပြစ်က တကယ်ဘဲကြီးလေးသွားခဲ့တာလား
မျက်ရည်ကျနေတယ်ဆိုတာသူမ သိပေမဲ့ မသုတ်မိ.. နောင်တမျက်ရည်များလား... ထိုချိန်..
နှုတ်ဆက်ခဲ့ပါတယ်..
Baby
ငယ်ငယ်တုန်းကပြောဖူးတယ်မလား လူဆိုတာ ကိုယ့်အပြစ်ကိုသိပြီး ပေးဆပ်သင့်ရင်ပေးဆပ်ရတယ်ဆိုတာ..
......
ကောင်းကောင်းမွန်မွန်နေခဲ့ပါ...
Baby..
ကျောခိုင်းရာမှ သူမခေါ်သံကြောင့် လှည့်ကြည့်လာသည်..
လာတွေ့မယ်မလား
တောင်းပန်ပါတယ်..
ကျောခိုင်းသွားတဲ့Babyရဲ့ကျောပြင်ဟာ. ဝေဝါးလာခဲ့သည်.... ဘေးနားက သူ့အားလာတွဲတဲ့ သူတွေရဲ့အထိအတွေ့ကိုခံစားမိပေမဲ့ သူမဘာမှမရှိတော့သလို ခံစားနေရသည်. သတိပြန်ဝင်ချိန်မှာတော့ သူမ ထောင်ခန်းအတွင်းသို့ရောက်ရှိလို့နေလေပြီ...
ငါမမှားဘူးမလား... ဟင့်အင်း ငါမမှားဘူးမလား...
အချိန်တိုင်းနေ့တိုင်းထိုစကားသာ ပြောခဲ့ပေမဲ့ ပြောတိုင်းလဲ မျက်ရည်တွေကတလိမ့်လိမ့်..
YOU ARE READING
" BABY " [Uni & Zaw]
FanfictionJJK 💫 PJM 🌫️Own Creation🌫️ Start ★11.5.2021★ END ★12.8.2021★