♠FINAL♠

6.7K 489 23
                                    

Unicode

12.8.2021

Jungkook.... ပုတီတွက်အစာဝယ်ခဲ့ဦး..

မနေ့ကမှဝယ်ထားတာမဟုတ်လားBaby

မနေ့ကဝယ်တာက... အသားလေ ဒီနေ့ကသူအဆာပြေစားဖို့ အစာဝယ်ခိုင်းတာပြီးတော့... သူ့ရေချိုးဆပ်ပြာလဲကုန်နေပြီဝယ်ခဲ့ဦး...

Tvရှေ့ထိုင်ကာပေါင်ပေါ်ကPUGပုတီအားအသာပွတ်ပေးရင်း သူ့အားလှမ်းမှာနေတဲ့Baby....

Parisကပြန်လာကတည်းကBabyကသူ့နှင့်အတူသူ့အိမ်မှာလာနေသည်... သူအလုပ်သွားချိန်ဆိုအိမ်မှာတစ်ယောက်ထဲပျင်းနေမှာစိုးရိမ်ပေမဲ့... ပုတီတစ်ကောင်နဲ့တင်အလုပ်ရှုပ်နေတတ်သည်..

တနေ့နေ့ပုတီတွက်အစာ. ပုတီတွက်ဆေး.. ပုတီတွက်ရေချိုးဆပ်ပြာ အခင်း.. ပုတီကအသဲလေးစားချင်နေတာ စသဖြင့်ပြောကာအလုပ်သွားတိုင်းမှာနေတတ်သည်...

အင်းဝယ်ခဲ့မယ်....

ညနေhyungတို့ဆီသွားမှာမလား..

အင်းလိုက်ပို့ပေးမယ်လေ.... babyအဆင်သင့်ပြင်ထားလိုက်..

Okok... မောင်ကအကောင်းဆုံးဘဲ..

လိုချင်တာဖြစ်ချင်တာလေးဖြစ်ရရင်ပျော်နေတတ်တဲ့ကလေးလေးတစ်ယောက်လို Babyကပြုမူတတ်သည်. လက်မလေး၂ဖက်ထောင်ကာတံခါးပေါက်၌ဖိနပ်စီးနေတဲ့သူ့နားအပြေးလေးလာရင်း ခြေဖျားလေးထောက်ကာ... အနမ်းပေးရှာသည်...

ဒါတွေကြောင့်ဘဲအပြစ်မမြင်ရက်ဘဲချစ်နေရတာ...

အိမ်ထဲမှာဘဲနေနော်Baby.. သွားချင်တဲ့နေရာတွေစဥ်းစားထားကျွန်တော်အားတာနဲ့လိုက်ပို့ပေးမယ်.

အင်းပါ. ဘယ်မှလဲသွားစရာမရှိပါဘူး... အိမ်မှာဘဲနေမှာ.

အင်းချစ်တယ်

~~

ညနေဘက်ရုံးပြန်လာချိန်မှာတော့ Babyကအဆင်သင့်ဖြစ်လို့နေပြီ.. သူလဲအမြန်ရေမိုးချိုးပြင်ဆင်လိုက်ပြီးအောက်ထပ်ဆင်းလာတော့.... babyနဲ့ပုတီအလုပ်ရှုပ်နေတာကိုတွေ့လိုက်ရသည်..

" BABY " [Uni & Zaw]Where stories live. Discover now