Unicode
1.8.2021
Jungkook...
ဟမ် ဟင် ဘာဖြစ်လို့လဲ..
Parisသို့၂ယောက်အတူ.... လာခဲ့ပေမဲ့... လေယာဥ်ပေါ်တစ်လျှောက်အိပ်လို့နေတဲ့Jungkookကြောင့် နေများမကောင်းလို့လားဆိုပြီး နှိုးလိုက်တော့မှ.. အိပ်ချင်မူးတူးနဲ့ထလာသောသူ...
ဘာဖြစ်လို့လဲBaby
မင်းကတစ်လမ်းလုံးအိပ်နေတော့ ငါကပျင်းတာပေါ့... နေမကောင်းတဲ့ပုံလဲမပေါ်ပါဘူး..
Sorry Baby.. မနေ့ညက... သွားရမဲ့အကြောင်း စိတ်ကူးယဥ်နေတာနဲ့အိပ်တာနောက်ကျသွားတာ...လာလေ မောင့်လက်မောင်းပေါ်မှီနေ..
မမှီချင်ပါဘူး. သွား ...
လာပါ မှီချင်ရဲ့သားနဲ့..
အရူးကောင်...
ဒီလိုနဲ့နောက်ဆုံးတော့Parisသို့ရောက်ခဲ့သည်..
တစ်ယောက်တည်း၄နှစ်လောက်နေခဲ့ပေမဲ့.. ဘယ်ကိုမှသူမသွားခဲ့ ပြောရင်လိမ်ရာကျဦးမယ်.. အချစ်ပူမိနေတာဆိုတော့ တနေ့တနေ့... အခန်းတွင်းအောင်းနေတာကပိုများသည်.... တခါတရံသာအပြင်ထွက်ပေမဲ့ လှပတဲ့နေရာတွေဆီကိုတော့ သူမသွားခဲ့ပါ...
စီစဥ်ထားတဲ့Hotelမှာပစ္စည်းတွေချကာ... ကုတင်ပေါ်လှဲချလိုက်သည်...
Jungkookအရင်ဆုံးဘယ်သွားမှာလဲဟင်..
ဒီနေ့တော့ပင်ပန်းတယ်လေBabyရာ... ညနေလဲစောင်းတော့မယ်...
တကယ်ပင်ပန်းနေပုံပေါက်တဲ့Jungkookကြောင့် သူကဘဲလက်လျော့လိုက်တော့သည်.
အင်းပါ ဒါဆို ငါညစာမှာလိုက်တော့မယ်နော်..
အင်းBabyကြိုက်တာမှာ....
ထို့နောက်ရေမိုးချိုးကာ... ညစာအတူစားရင်း. ကြည်နူးတစ်တူးရင်း တစ်ညတာကုန်ဆုံးခဲ့သည်.. မနက်ရောက်တော့လဲ ထုံးစံအတိုင်း.. နောက်ကျမှာထပြီး.. စားသောက်နေတာနဲ့ နေ့တစ်ဝက်ကကျိုးသွားလေပြီ.
YOU ARE READING
" BABY " [Uni & Zaw]
FanfictionJJK 💫 PJM 🌫️Own Creation🌫️ Start ★11.5.2021★ END ★12.8.2021★