♠TWENTY♠

3.8K 405 20
                                    

Unicode

19.7.2021

အရမ်းကြီးစဥ်းစားမနေပါနဲ့...

အင်း.. hyungနိုးလာရင်တော့ တခုခုကိုသိရမှာပါ..

Jiminကိုသာစိတ်ရှုပ်မခံစေချင်ပေမဲ့ jungkook,သူကတော့စိတ်ရှုပ်နေမိသည်. သူမသင်္ကာဘူး.. babyအမPark Jiyoonကိုသူမသင်္ကာဘူး ဒါမဲ့. ဒီလောက်ထိတော့ သူမ လုပ်မှာမဟုတ်ပါဘူး...

ညနေဘက်ရောက်တဲ့အချိန်မှာတော့.. seokjinတစ်ယောက်နိုးလာခဲ့သည်..
သူ့ရင်ခွင်ထဲ အိပ်ပျော်သွားတဲ့ Babyကြောင့် အသာပြုံးကာ.. မနိုးအောင်ပွေ့ချီရင်းဆိုဖာပေါ်တင်ပေးလိုက်သည်.. ဒီဘက်အလှည့် ကုတင်ပေါ်ကနိုးနေတဲ့သူကြောင့် ရုတ်တရက်လန့်သွားရသေးသည်.

နိုးပြီလား.. ခဏစောင့် ဆရာဝန်သွားခေါ်လိုက်ဦးမယ်.

အင်း

ဟို တိုးတိုးတော့နေနော် Babyနိုးမှာစိုးလို့

ထွက်သွားခါနီးကျမှတစ်ဖန်ပြန်လှည့်လာကာ ပြောတဲ့စကားကြောင့် seokjinရယ်လိုက်မိသည်. babyကံကောင်းပါတယ်..

နှစ်ပတ်လောက်တော့နားရဦးမယ်.. အရမ်းလှုပ်ရှားလို့မဖြစ်သေးဘူး.

Nae... ဒါနဲ့doctorကိုတွေ့ဖူးသလိုဘဲ..

သူ့အပြုံးကိုဒေါက်တာက ပါးချိုင့်ကြီးကြီးဖြင့်သာတုံ့ပြန်သည်. ဒီအပြုံးကိုလဲသူရင်းနှီးနေတာအမှန်.. ဒါမဲ့သူမမှတ်မိ...

ဒေါက်တာထွက်သွားတော့အခန်းထဲသူရယ်Jungkoonရယ်အိပ်နေတဲ့Babyရယ်သာကျန်တော့သည်.

စကားနည်းနည်းလောက်ပြောရအောင် Kim seokjin shii

Ya... ငါမင်စထက်အသက်အများကြီးကြီးတယ်. မရိုမသေနဲ့..

ကိုယ့်ချစ်သူရဲ့အချစ်ဦးကို ရိုရိုသေသေခေါ်နေရမှာလား.

ဟက် တကယ့်ငစွာဘဲ

ဘာ.

စိတ်မပူပါနဲ့babyနဲ့ငါနဲ့ကိုစိတ်ပူစရာမလိုပါဘူး.. ငါတို့ကရိုးရိုးသားသားဘဲမလို့..

ထားပါ.. ပြောစရာရှိတာအရင်ပြောမယ်

လုပ်ကြံခံရတော့မည့်အကြောင်းစုံကိုပြောပြလိုက်တော့ ကုတင်ပေါ်ကထိုလူ့ရဲ့မျက်ဝန်းတွေပြူးကျယ်သွားသည်.

" BABY " [Uni & Zaw]Where stories live. Discover now