[Unicode]
"ဖေးအာ ကျောင်းသွားမှာမဟုတ်လား
မင်းရဲ့ကိုကိုနဲ့ လိုက်သွားလေ"မနက်စာစားပွဲဝိုင်းမှာ ခါတိုင်းနဲ့မတူ ငြိမ်သက်နေတဲ့ ဖေးဖေးကို မွေးစားအမေက စကားစတယ်။
ယွင်ရှီး အဲဒီကလေးကို တစ်ချက်အကဲခတ်လိုက်တော့ သူက ဘာကိုမှအလေးအနက်မထားဟန်နဲ့။"မသွားဘူး။ လျိုမင်ရှိနေတာပဲ။
ဘာလို့ ကိုကို့ကို ဒုက္ခပေးရမှာလဲ"ပြတ်ပြတ်သားသားပြောလာတဲ့ စကားလုံးတွေက
သူမဟုတ်သလိုပဲ။ ဟိုနေ့ညက သူတို့ စကားပြောပြီးကြကတည်းက အဲဒီကလေးက ယွင်ရှီးကို
ခပ်တန်းတန်းပဲ ဆက်ဆံတော့တာ။ အမှန်ဆို
ဒါကဖြစ်သင့်တာပေမယ့် ယွင်ရှီးစိတ်ထဲမှာ
နည်းနည်းတော့ စိတ်မကောင်းဖြစ်နေမိတယ်။"ဖေးယွီတောင် သိတတ်လာပြီ"
သူ့ကိုယ်သူပြောင်းလဲပစ်ဖို့ အတင်းအကြပ်ကြိုးစားနေတဲ့ ဖေးဖေးကိုကြည့်ပြီး မွေးစားအဖေက ကျေနပ်နေပုံပါပဲ။ ယွင်ရှီးမှာတော့ အပြင်လူမို့ သိပ်ပြီးများများစားစား ဝင်မပြောဖြစ်ဘူး။
အဲဒီလိုကျတော့လည်း သူကယွင်ရှီးကို
စူးစူးစိုက်စိုက်ကြည့်လာပြီးမှ ခနဲ့သလိုပြုံးပြလာတယ်။ သူတို့မိသားစုကြားမှာ ယွင်ရှီးအနေခက်လာရတော့တာ။"ကိုကို အစားလည်းသိပ်မစားဘူး
ဘာလို့လဲ နေမကောင်းဘူးလား"သူ့အမူအရာတွေ လေးတိလေးကန်ဖြစ်နေတာကို
အဲဒီကလေးက သတိထားမိတယ်ထင်ပါရဲ့။ ရုတ်တရက် လက်ကိုဆွဲယူလာပြီးတော့ ပြောလာတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေက အတုအယောင်လိုပဲ။
မျက်ဝန်းအကြည့်တွေက အေးစက်နေတာများ။"ကိုယ် ဘာမှမဖြစ်ဘူး"
ယွင်ရှီး လက်ကိုပြန်ရုတ်လိုက်ရင်းဖြေရတယ်။
အဲဒီနောက် နေရာကနေမတ်တပ်ရပ်လိုက်ပြီးမှ
နန်းတော်ရဲ့အရှင်သခင်နှစ်ယောက်ကို ဦးညွတ်ရင်း ခွင့်တောင်းမိတော့တာပဲ။ သူ ဒီကလေးရဲ့
လှောင်ပြောင်ချင်သလို အကြည့်တွေအောက်မှာ ဆက်မနေနိုင်တော့ဘူး။
BẠN ĐANG ĐỌC
My Prime Minister [Completed]
Fanfictionကျွန်တော့်ရဲ့ ဝန်ကြီးချုပ်ရေ နိုင်ငံ့အရေးတွေ စီမံခန့်ခွဲဖို့ပဲ အာရုံစိုက်မနေပါနဲ့။ ခင်ဗျားကြောင့် အစီအစဥ်မကျတော့တဲ့ ကျွန်တော့်ရင်ခုန်သံတွေကိုလည်း တစ်ချက်လောက်လေးငဲ့ကြည့်ပေးပါဦး။ ဒါက အရင်ကကျွန်တော်လုပ်နေကျလိုမျိုး တောင်းဆိုနေတာမဟုတ်ဘူးဗျ။ ခင...