[Unicode]တကယ်တမ်း အရင်ရက်က သူ့ကိုကိုရဲ့ ဂရုစိုက်မှုတွေကြောင့် ဖေးယွီစိတ်ခံစားမှုက သိပ်ကိုကြည်လင်နေခဲ့တာ။ ဘယ်လောက်အထိလဲဆိုရင်
မယ်တော်နဲ့ခမည်းတော်က ညစာစားပွဲရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို သူတို့နဲ့အတူ လာကြည့်ဖို့အတွက် သူ့ကိုပြောလာတာကိုတောင်မငြင်းမိဘူး။ဒီလိုအခမ်းအနားတွေကို သိပ်ပျင်းရိတဲ့သူက
ကိုကို့မျက်နှာလေး မြင်ရဖို့အတွက်နဲ့တင် စိတ်ရှည်လက်ရှည် စောင့်ကြည့်နေမိတာ။
တီဗွီ ဖန်သားပြင်ရဲ့ မျက်နှာပြင်ထက် တစ်ချက်တစ်ချက် ပေါ်ထွက်လာတဲ့ ပုံရိပ်ကလေးကိုကြည့်ရင်း သူ့ရဲ့စိတ်အစဥ်က အေးချမ်းနေရတယ်။အဲဒီလူသားက သူ့နိုင်ငံရဲ့ လေးစားအားကိုးရတဲ့
ဝန်ကြီးချုပ်ဖြစ်တယ်။အဲ့ဒီလူသားက ဖေးယွီချစ်ရတဲ့ မြတ်နိုးဖွယ်ဖြစ်တည်မှုလေးသာ ဖြစ်တယ်။ဒါပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စရာတွေက
ဖြစ်ပျက်သွားလိမ့်မယ်လို့ သူ မထင်ထားမိတာ။
ရုတ်တရက် မိန်းကလေးတစ်ယောက်ကို ပွေ့ထိန်းလိုက်တဲ့ သူ့အပိုင်လူသားက နည်းနည်းလေးမှ
အနေခက်ပုံမရဘူး။အဲဒီအစား မြင်ကွင်းကိုချဲ့ပြလာတာကြောင့် တစ်ဖက်မိန်းကလေးအပေါ် သူ့ရဲ့အပြုအမူတွေ
ညင်သာနေပြီးတော့ မျက်နှာထားကတောင်
အပြုံးမပျက်တာကို တွေ့ရတယ်။ စောစောကမှ
ကြည်လင်နေတဲ့ သူ့စိတ်ခံစားချက်လေးက ပျောက်ရှသွားရပြီးတော့ စိုးရိမ်ပူပန်မှုတွေ အစားထိုး ဝင်ရောက်လာရတော့တယ်။သူ မရှိတဲ့အချိန်အတွင်း ဒီလူက သူ မဟုတ်တဲ့ တခြားလူဘယ်နှယောက်အပေါ် ဒီလိုမျိုးအပြုအမူနဲ့ ဆက်ဆံပေးခဲ့ပါပြီတဲ့လဲ။ ဒီလူရဲ့
နူးညံ့ညင်သာတဲ့တစ်ဖက်ခြမ်းကို တွေ့ဖူးတဲ့လူက
သူ့အပြင် တခြားဘယ်နှယောက်ရှိနေပါပြီလိမ့်။
သူတောင် ဒီလူရဲ့အရာအားလုံးကိုမြတ်နိုးမိတာ။
တခြားအပြင်လူဘယ်နှယောက်ကများ ဒီလူ့ကို
သူ့လိုမျိုး ချစ်မြတ်နိုးနေပါပြီလဲ။ဒါက အဲဒီအခိုက်အတန့်အတွင်း သူ့ခေါင်းထဲမှာ
ပြေးလွှားနေခဲ့တဲ့ တစ်ဖက်သတ်ပူပန်မှုတွေသာ
ဖြစ်တယ်။ အဲဒီနောက် တစ်ဖက်မိန်းကလေးအကြောင်း ပြောဆိုနေကြတဲ့ ခမည်းတော်နဲ့မယ်တော့်ကို လျစ်လျူရှုပစ်လိုက်ပြီး ဧည့်ဆောင်ထဲကထွက်ကာ ချစ်ရသူရဲ့အဖြူရောင်အိမ်လေးဆီ
လျှောက်လာမိတော့တာ။
YOU ARE READING
My Prime Minister [Completed]
Fanfictionကျွန်တော့်ရဲ့ ဝန်ကြီးချုပ်ရေ နိုင်ငံ့အရေးတွေ စီမံခန့်ခွဲဖို့ပဲ အာရုံစိုက်မနေပါနဲ့။ ခင်ဗျားကြောင့် အစီအစဥ်မကျတော့တဲ့ ကျွန်တော့်ရင်ခုန်သံတွေကိုလည်း တစ်ချက်လောက်လေးငဲ့ကြည့်ပေးပါဦး။ ဒါက အရင်ကကျွန်တော်လုပ်နေကျလိုမျိုး တောင်းဆိုနေတာမဟုတ်ဘူးဗျ။ ခင...