အခန်း (၁၉) မိုးသည်းည

1.1K 103 27
                                    

[Unicode...]

လက်ပတ်နာရီငုံ့ကြည့်မိတော့ ညနေခြောက်နာရီ
ထိုးလုပြီ။ မှန်ထဲကပုံရိပ်ကို တစ်ချက်ပြန်ကြည့်လိုက်ပြီးမှ နက်ခ်တိုင်ကလစ်ကို သေချာတည့်လိုက်တယ်။ အောက်ထပ်ကိုဆင်းလာတဲ့အခါ လျိုမင်က ဆင်ဝင်အောက်မှာ အသင့်စော့င်နေလေရဲ့။

"အရှင့်သား အခမ်းအနားက
ခြောက်နာရီခွဲမှာ စမှာပါ"

အရိုအသေပြုရင်း အစီရင်ခံလာတဲ့လျိုမင်ကို ခေါင်းညိတ်ပြပြီး ကားနောက်ခန်းမှာဝင်ထိုင်လိုက်တယ်။ နန်းတော်တံတိုင်းကို တဖြည်းဖြည်း
ကျော်လွန်လာတဲ့နောက် အတွေးထဲရောက်လာတာက မေ့ပစ်ဖို့ကြိုးစားချင်တဲ့ အကြောင်းအရာသာဖြစ်တယ်။

လော်ယွင်ရှီး...

ဒီလူကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။

ဝေးကွာနေတဲ့ ရက်ပေါင်းရှစ်ဆယ်ကျော်အတောအတွင်း ကြိုးစားမှုတွေက အကြိမ်ကြိမ်ကျရှုံးခဲ့တဲ့နောက် အသံတောင်မကြားရတော့ဘဲ အဆက်အသွယ်ပြတ်သွားခဲ့တာက တစ်လနီးပါး။

ပြတ်သားနိုင်ခဲ့တဲ့ အဲဒီလူက အသည်းမာပေမယ့်
လျစ်လျူမရှုနိုင်တဲ့ကိုယ်က စိတ်အလိုလိုက်လွန်းလို့ပဲလား။ တွေ့ကြရတဲ့အခါ အတတ်နိုင်ဆုံး အမူအရာမပျက် ထိန်းသိမ်းထားချင်ပေမယ့်
ကိုယ့်အကြောင်းကိုယ်သာ အသိဆုံးပဲလေ။

"အရှင့်သား"

ရုတ်တရက် ကားမောင်းနေတဲ့ လျိုမင်က သူ့ကို
ခေါ်လာတာကြောင့် အတွေးစတွေက ပြတ်တောက်သွားရတယ်။

"သိပ်အများကြီးမတွေးပါနဲ့ အဆင်ပြေမှာပါ"

နှစ်သိမ့်လာတဲ့ လေသံဖျော့ဖျော့ကြောင့် ဖေးယွီ
ခပ်ရွဲ့ရွဲ့ပြုံးမိသွားရတယ်။

ဟုတ်တယ်။ အဆင်ပြေရမှာပေါ့။

ဖေးယွီက အဆင်မပြေရင်တောင် သူကတော့ လူအများရှေ့မှာ အခြေအနေကို ဘယ်လိုမျိုး ကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိပြီးသားမဟုတ်လား။

"အင်း။ အဆင်ပြေမှာပါ"

လျိုမင့်ကို ဝတ်ကြေတမ်းကြေဖြေလိုက်ရင်းနဲ့ပဲ
ထိုင်ခုံပေါ်ခေါင်းမှီလိုက်ရင်း မျက်လုံးမှိတ်ထားမိတယ်။ သက်ပြင်းတစ်ချက်မှုတ်ထုတ်မိတဲ့အခါ
အနည်းအကျဥ်းတော့ စိတ်သက်သာရာရသလိုပဲ။

My Prime Minister [Completed] Donde viven las historias. Descúbrelo ahora