အခန်း (၂၀) မင်းဘက်ကအနိုင်

1.2K 117 17
                                    

[Unicode..]

အချိန်က ညကိုးနာရီကျော်စပြုပေမယ့် ဖေးယွီ
မီနီဘာလေးထဲကနေ မထနိုင်သေးဘူး။ ဗော့ဒ်ကာတစ်ခွက်မှာထားပြီး အချိန်ဆွဲနေမိတာက တစ်နာရီကျော်ပြီ။

ဘာရယ်မဟုတ် လက်ထဲက အယ်လ်ကိုဟောရောတဲ့အရည်ကို စိုက်ကြည့်နေမိရင်း ရယ်မိတာလည်း ခဏခဏပဲ။

"ယွင်.. ရှီး.. "

မြတ်နိုးရပါတဲ့အမည်နာမကို တဖွဖွရေရွတ်မိရင်း
မိနစ်ခြောက်ဆယ်အလွန်က အဖြစ်ပျက်တွေ ခေါင်းထဲ အစီအရီပေါ်လာပြန်တယ်။

ဝီစကီရနံ့သင်းတဲ့ နှုတ်ခမ်းတွေက စွဲမက်ဖွယ်ပဲ။
ခါးသက်သက်အရသာစွဲနေတဲ့ လျှာဖျားလေးက
လူကို တပ်မက်ယစ်မူးစေရဲ့။

ခပ်စင်းစင်းမျက်လွှာတွေနဲ့ စိတ်လိုလက်ရ တုံ့ပြန်လာတဲ့ အနမ်းတွေ။ သူ့လည်တိုင်ကို သိုင်းဖက်ထားခဲ့တဲ့ လက်ကလေးတွေ။

နားသံသီးလေးကိုစုပ်ယူလိုက်တဲ့အချိန် တစ်ချက်
တုန်ယင်သွားတဲ့ ခန္ဓာကိုယ်လေး။ ဒေါသစွက်တဲ့
မျက်ဝန်းတွေထဲမှာ မျက်ရည်စလေးတွေရှိတယ်။

တကယ်..
ရူးမသွားတာ တော်သေးတယ်ပြောရမယ်။

အတူရှိခွင့်ရတဲ့အချိန်တွေကိုသာ ရပ်တန့်နိုင်ရင် တစ်သက်လုံးအတွက် အနာဂတ်ပျောက်ဆုံးသွားရလည်းဖြစ်တယ်။

ချစ်ရသူက သူ့ရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ပဲမို့။

ဒါပေမယ့် စိတ်ကူးယဥ်မှုက လက်တွေ့ဖြစ်မလာနိုင်ဘူးမဟုတ်လား။

အသုံးမဝင်တဲ့အတွေးတွေကို ရပ်တန့်ပစ်လိုက်ပြီး
အိမ်ပြန်ဖို့ပြင်ရတယ်။ အချစ်ကလေးက မှာသွားတယ်။ အပြင်မှာ ကြာကြာမနေဖို့လေ။

ဒီနေ့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရတွေက
သူ့ကိုရှေ့ဆက်နိုင်ဖို့ အားအင်ဖြစ်စေတယ်။

အနည်းဆုံးတော့ တစ်ဖက်လူရဲ့စိတ်ထဲမှာ ဖေးယွီ
ရှိနေသေးတယ်။ဟန်ဆောင်ကောင်းတဲ့အဲဒီလူက
အရင်လိုပဲ ဖေးယွီကြောင့်နဲ့တင် အလွယ်တကူ
စိတ်လှုပ်ရှားနိုင်သေးတယ်။ ခံစားချက်တွေက လတ်ဆတ်နေတုန်းပဲ။ ဒီလောက်ဆို လုံလောက်ပြီ။

My Prime Minister [Completed] Where stories live. Discover now