[Unicode]
နှစ်သစ်ကူးအားလပ်ရက် ပြီးဆုံးသွားသည့်နောက် Elisium ၏ ဝန်ကြီးဌာနရုံးချုပ်တစ်ခုလုံး
ပို၍ပင် အလုပ်များလာကြ၏။ နှစ်သစ်တွင် ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းများနှင့် နိုင်ငံရေးကိစ္စရပ်များကို ဦးစီးကြီးကြပ်နေရသဖြင့် ဝန်ကြီးချုပ်ဖြစ်သူမှာလည်း မအားလပ်နိုင်ပေ။ထို့အတူ အိမ်ရှေ့စံမှာလည်း ကျောင်းစာကိုသာမက အုပ်ချုပ်ရေးပိုင်းနှင့် အတိုက်အခိုက်ပညာကိုလည်း အဆက်မပြတ် သင်ယူနေရပေ၏။
နှစ်တစ်နှစ်၏ အစဦးဆုံးရက်များသည်ကား
Elisum၏ အလုပ်အရှုပ်ဆုံးရက်များသာ။"ကျိုးချီ မနက်ဖြန်ကျရင် နောက်တစ်ပတ်
အစည်းအဝေးအတွက် လိုအပ်တာတွေကို
စီစစ်ပြီးတော့ ငါ့ဆီသတင်းပို့။ ပြီးတော့
ညနေပြန်တဲ့အခါ အိမ်ရှေ့စံကိုဝင်ကြိုရမယ်""ဟုတ်ကဲ့"
အကောက်အခွန်ဦးစီးဌာနက တင်ပြလာတဲ့ စီးပွားရေးစီမံကိန်းသုံးသပ်ချက်တွေကို ပြန်စစ်နေရင်း ကျိုးချီကို ပြောလိုက်တယ်။ ဖိုင်အချို့ လက်မှတ်ထိုးဖို့ စောင့်နေတဲ့ကျိုးချီက အနားမှာရပ်နေရင်းက နာခံကြောင်းစကားဆိုလာတယ်။
"အစ်ကို.. "
ကြားနေကျမဟုတ်တဲ့ အခေါ်အဝေါ်ကြောင့်
ယွင်ရှီး ခဏလောက်ကြောင်သွားရပြီးမှ သူ့ကို
မော့ကြည့်မိတယ်။ ဒီကလေးက ရုံးမှာဆိုရင်
ယွင်ရှီးကို ဝန်ကြီးချုပ်ဆိုတဲ့အခေါ်အဝေါ်နဲ့ပဲ
ခေါ်ပြောလေ့ရှိတာ။"ဘာဖြစ်လို့လဲ"
"အခုရက်ပိုင်း အလုပ်တွေများနေတာ။
ကျွန်တော်လည်း အစ်ကို့ကို သေချာဂရုမစိုက်မိဘူး။ အစ်ကို ကျန်းမာရေးဂရုစိုက်ဦးနော်"ဖြည်းဖြည်းချင်းပြောလာပေမယ့် မျက်ဝန်းတွေက သူ့အမူအရာကို အကဲခတ်နေသလိုမျိုး သတိချပ်နေတယ်။ နှစ်သစ်ကူးမတိုင်ခင်က
သူ နေမကောင်းဖြစ်လို့ ခွင့်ယူလိုက်ရတာကြောင့်
ဒီကလေးက သူ့ကို အထူးတလည်စိတ်ပူနေတာ။"ကောင်းပါပြီ။ ငါ ဂရုစိုက်ပါ့မယ်"
"အင်း"
စိတ်အေးသွားပုံရတဲ့ လူငယ်လေးက ယွင်ရှီးကို
တစ်ချက်ဦးညွတ်ရင်း ရုံးခန်းထဲက ထွက်သွားလေတယ်။ သူ စိတ်ကို ပြန်စုစည်းလိုက်ပြီးမှ
အလုပ်ထဲကို အာရုံစိုက်ဖို့ကြိုးစားရတယ်။
VOUS LISEZ
My Prime Minister [Completed]
Fanfictionကျွန်တော့်ရဲ့ ဝန်ကြီးချုပ်ရေ နိုင်ငံ့အရေးတွေ စီမံခန့်ခွဲဖို့ပဲ အာရုံစိုက်မနေပါနဲ့။ ခင်ဗျားကြောင့် အစီအစဥ်မကျတော့တဲ့ ကျွန်တော့်ရင်ခုန်သံတွေကိုလည်း တစ်ချက်လောက်လေးငဲ့ကြည့်ပေးပါဦး။ ဒါက အရင်ကကျွန်တော်လုပ်နေကျလိုမျိုး တောင်းဆိုနေတာမဟုတ်ဘူးဗျ။ ခင...