အခန်း (၁၈) လစ်ဟာဆုံးရှူံးမှု

947 107 17
                                    

[Unicode...]

"အစ်ကို ဖုန်းလာနေတယ်လေ"

ရုံးကိုသွားတဲ့လမ်းတစ်လျှောက်မှာ သုံးကြိမ်မြောက်မြည်လာတဲ့ဖုန်းသံကြောင့် ကားမောင်းနေတဲ့ကျိုးချီက သူ့ကို သတိပေးလာတော့တယ်။ ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်မိရင်း အဝင်ကောလ်ကိုချပစ်လိုက်တယ်။ ​

ဘယ်သူလဲဆိုတာမှန်းစရာမလိုဘဲသေချာနေတာကို။ ပြတ်စဲသင့်နေတဲ့ ဆက်ဆံရေးတစ်ခုမှာ
သံယောဇဥ်အမျှင်တန်းနေတာက နှစ်ယောက်လုံးအတွက် ကောင်းကျိုးမဖြစ်စေနိုင်ဘူး။

ရပ်တန့်သွားတဲ့ ဖုန်းသံနောက် စာတစ်စောင်က
ချက်ချင်းဝင်ရောက်လာတယ်။

*ကိုကို ကျွန်တော့်ဖုန်းကိုမဖြေရင်
ရုံးချုပ်အထိ လိုက်လာမှာနော်"

ခြိမ်းခြောက်ဟန်ပါတဲ့ စာကြောင်းရဲ့နောက်မှာ
ဖုန်းလေးက နောက်တစ်ကြိမ်တုန်ခါလာပြန်တယ်။ ယွင်ရှီး သက်ပြင်းဖွဖွချမိရင်းနဲ့ပဲ သူ့ကို
လက်ခံဖြေကြားလိုက်ရတယ်။

"ပြော"

*ခြိမ်းခြောက်တာက အလုပ်ဖြစ်သားပဲ*

"ကိုယ် မင်းနဲ့စကားအပိုတွေမပြောချင်ဘူး။
ကိုယ့်ဆီဖုန်းဆက်တာ ဘာကိစ္စလဲ"

ခပ်ပြတ်ပြတ်စကားသံအဆုံး ကြားလိုက်ရတာက
အရှုံးပေးသလို ရယ်သံသဲ့သဲ့။ အဲဒီနောက် အမေးရှိလာတာက ကြိုတင်စဥ်းစားထားပြီးသား အကြောင်းအရာသာဖြစ်တယ်။

*မွေးနေ့တုန်းက ဘယ်ကိုသွားနေတာလဲ။
ကျွန်တော် တစ်နေကုန် တစ်ညလုံး အိမ်ရှေ့မှာ
စောင့်နေတာ*

မထင်မှတ်ထားတဲ့စကားကြောင့် ရုတ်တရက် အသက်အောင့်ထားလိုက်မိပြီး ဖုန်းကိုဆုပ်ကိုင်ထားမိတဲ့ လက်ချောင်းတွေက တင်းကြပ်သွားရတယ်။

ဒီကလေး..
ဒီလိုမျိုး စိတ်လိုက်မာန်ပါလုပ်တတ်တဲ့အကျင့်ကို
ဘယ်တော့မှ ပြင်နိုင်မှာလဲ။

ယွင်ရှီး သူ့အကြောင်းကိုသိလို့ မွေးနေ့မရောက်ခင် တစ်ရက်ကတည်းက ရုံးကနေခွင့်ယူပြီး တစ်ဖက်မြို့ကို ခရီးထွက်သွားခဲ့တာ။ မဟုတ်ရင်
မျက်နှာလေးမြင်လိုက်တာနဲ့ တောင်းဆိုလာသမျှကို သူ့မှာ ငြင်းဆန်နိုင်စွမ်းမရှိတာကြောင့်။

My Prime Minister [Completed] Where stories live. Discover now